Chapter 34

3.5K 356 10
                                    

Chapter 34 : နင့်ပြဿနာက ငါ့ပြဿနာပဲလေ

ကျန်ရှ၏ မျက်နှာတစ်ခုလုံးက ကောင်းစေချင်သည့် စေတနာများနှင့် ပြည့်နှက်နေပြီး၊ သူ၏ရွှင်လန်းတက်ကြွသော ပုံစံနှင့် တွဲကြည့်လိုက်လျှင် သူသည် အမှန်တကယ်ပင် ကြင်နာ၍ ဂရုစိုက်တတ်သော ခံစားချက်ကို ပေးစွမ်းနေ၏။ အကယ်၍ ကျင်းယွင်ကျောင်းသာ ချောင်မိသားစုနှင့် ပြန်လည်ပေါင်းထုပ်ရန် ဆန္ဒရှိနေပါက သူ့ကြောင့် စိတ်လှုပ်ရှားသွားမည်မှာ သံသယဖြစ်ဖွယ်မရှိပေ။

သို့သော် လက်ရှိတွင် ကျန်ရှသည် အတိတ်ဘဝကကဲ့သို့ အကြံသမား ဖြစ်မလာသေးပေ။ သူသည် ကိစ္စများအပေါ်၌ ထားရှိသည့် သူမ၏ ခံစားချက်အစစ်အမှန်ကို မခန့်မှန်းနိုင်လောက်အောင်ပင် ဥာဏ်ရည် နည်းပါးနေသေးသည်။

ချောင်ဟုန်ယဲ့ကို တောင်းပန်ရမယ် ဟုတ်လား။ သူမ ဦးနှောက်ပျက်သွားမှဘဲ ဖြစ်နိုင်လိမ့်မယ်။

"အတန်းခေါင်းဆောင်၊ နင်က လူတိုင်းကို ဒီလိုပဲ ဆက်ဆံတာလား"

ကျင်းယွင်ကျောင်းက စိတ်လျှော့၍ စပြောလိုက်သည်။

ကျန်ရှ အနည်းငယ် အံအားသင့်သွား၏။ သူက ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်သည်။

"အဲလို မဟုတ်ပါဘူး။ နင်က အတော်လေး အခက်အခဲဖြစ်နေတဲ့ပုံမို့လို့၊ ပြီးတော့ အခုကစပြီး ငါတို့က ထိုင်ခုံဖော်တွေဖြစ်လာကြတော့မှာဆိုတော့ နင့်ရဲ့ပြဿနာက ငါ့ပြဿနာပဲလေ။ ငါ နင့်ကို ကူညီပေးချင်ရုံပါ။ မစိုးရိမ်ပါနဲ့"

သူပြောနေစဥ်တွင် ကျင်းယွင်ကျောင်း၏ တည်ငြိမ်သော မျက်ဝန်းများနှင့် အကြည့်ချင်းဆုံသွား၏။

ရုတ်တရက် သူသည် မူလက သူ အထင်အမြင်သေးခဲ့သော မိန်းကလေးက အမှန်တကယ်ပင် လှပကြောင်း သိလိုက်ရသည်။ သူမ၏အသားအရေသည် တကယ်ကို ဖြူဝင်းနေပြီး ကြည်လင်သော ခံစားချက်ကို ပေးစွမ်းနေ၏။ သူမ၏စရိုက်မှာ အနည်းငယ် အေးစက်လွန်းပြီး လူမှုဆက်ဆံရေးကောင်းသော ချောင်ဟုန်ယဲ့နှင့် မတူပေ။ ကျင်းယွင်ကျောင်းသည် သန်မာလွန်းသော စရိုက်လက္ခဏာရှိသည့် ခံစားချက်ကို ပေးစွမ်းနေသည်။ သို့သော် မိန်းကလေးများသည် ကြောက်တတ်၍ ချစ်စဖွယ်ကောင်းရမည်ဖြစ်ပြီး နားလည်မှုလည်း ရှိသင့်ပေသည်။

အတိတ်၌ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now