Chapter 37

3.5K 373 1
                                    

Chapter 37 : ဒါတွေ အားလုံးက နင်ကောင်းဖို့အတွက်ချည်းပဲ

ရှောင်ဟိုင်ချင်း၏ မျက်နှာအား ကြည့်လိုက်ကာ ကျန်ရှက ချက်ချင်း ပျော့ကျသွား၏။

"ငါက ဘာအဓိပ္ပါယ်နဲ့မှ မဟုတ်ပါဘူး။ ငါ လုပ်သမျှအကုန်လုံးက သူ့ကောင်းကျိုးအတွက်ချည်းပါပဲ"

ကျန်ရှက နှုတ်ခမ်းစူလိုက်သည်။ သူ၏ မျက်နှာပေါ်တွင်လည်း အလိုမကျမှုများနှင့် ပြည့်နှက်နေလေရာ ထိုအရာများက သူ့အား အနည်းငယ် နွဲ့နှောင်းသွားစေသည်။

ဤမိန်းမဆန်သည့် သဘောထားက ရှောင်ဟိုင်ချင်းအတွက် ကျန်ရှအပေါ် ပို၍ အထင်အမြင်သေးစရာဖြစ်သွားစေပြီး သူမက တစ်ချက်ကြည့်ကာ ပြန်ပြောလိုက်၏။

"နင် ကူညီပေးဖို့ ကြိုးစားနေလည်း ငါဂရုမစိုက်ဘူး။ ငါ ဒါမှမဟုတ် ကျင်းယွင်ကျောင်းကို လာမရှုပ်နဲ့။ နင် ယဲ့ချင်းနဲ့ တွဲပေးခံရတာကို မကြိုက်ဘူးဆိုရင် အဲဒီဘေးအခန်းက ကောင်မနာမည် ဘာပါလိမ့်၊ အေး နောက်ကျ နင်တို့ဘာသာ တစ်ယောက်နဲ့ တစ်ယောက် သေတဲ့အထိ ဂရုစိုက်နေကြလေ။ တခြားသူတွေကို ဆရာကြီးလုပ်ပြီး အော်ဟစ်ငေါက်ငမ်းနေတာတွေ ရပ်လိုက်စမ်းပါ"

ကျင်းယွင်ကျောင်း မလေးစားဘဲ မနေနိုင်။ တစ်တန်းလုံးတွင် ရှောင်ဟိုင်ချင်းသာ အခြားသူများအား ရန်လိုစွာ ပြောဆိုနိုင်ပြီး သူတို့ကမူ သူမအား တုံ့ပြန်ပြောဆိုရန် သတ္တိမရှိကြပေ။

ဤမိန်းကလေးသည် သူမ၏အကြိုက် ပို၍ပို၍ ဖြစ်လာသည်။

အတိတ်ဘဝက သူမတွင် သူငယ်ချင်းတစ်ယောက်မှ မရှိခဲ့ပေ။ ယခုတွင်မူ သူမ ပြန်လည်မွေးလာသည်မှာ တစ်ပတ်သာ ရှိသေးသော်လည်း သူမတွင် စူးချူနှင့် ရှောင်ဟိုင်ချင်း ရှိနေပြီဖြစ်၏။ သူမ ကျေနပ်နေပေသည်။

"အိုခေ၊ အိုခေ။ ဆရာမ လာတော့မယ်။ နင်တို့တွေ ငြိမ်ငြိမ်သက်သက်နေပြီး တစ်ပါးသူ စာလုပ်တာကို အနှောက်အယှက်မပေးလို့ ရမလား"

ရှောင်ဟုန်ယဲ့ ထိုသို့ပြောလိုက်သည်က သူတို့၏ ရှေ့တွင် ထိုင်နေသော ယဲ့ချင်းအား ရှက်ရွံ့ဒေါသထွက်သွားစေခဲ့၏။ ထို့ကြောင့် သူမသည် အမြန်ပင် ကျောင်းကောင်စီအဖွဲ့ဝင်တစ်ဦး၏ ဟိတ်ဟန်ကို ထုတ်လိုက်ပြီး သူတို့အား သတိပေးလိုက်သည်။

အတိတ်၌ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now