Chapter 75

3K 296 3
                                    

Chapter 75 : အမြင်မှန်ရရန် ဖိအားပေးခြင်း

အန်တီယဲ့သည်  စကားဆုံးသည်နှင့် နဂိုက အားပျော့နေသည့် ခြေလှမ်းများက မာန်ပါသွားတော့၏။ ခြေလှမ်း ခပ်ကျယ်ကျယ်တစ်လှမ်းနှင့်ပင် သူမသည် ယဲ့ချင်းဆီသို့ လက်လှမ်းလိုက်ပြီး လက်ထဲမှ ပိုက်ဆံအိတ်ကို ဆွဲလုလိုက်တော့သည်။ စကားတစ်ခွန်းမှ မပြောဘဲ သူမသည် အိတ်ထဲရှိ ပိုက်ဆံများအားလုံးကို ဆွဲထုတ်လိုက်သည်။

ယွမ်တစ်ထောင်၊ ယခုအချိန်တွင် သူတို့မိသားစုအတွက် ၎င်းသည် သေးငယ်သော ပမာဏမဟုတ်ပေ။

"ကျောင်းသူလေး၊ ဒီနေ့ ဆေးရုံမှာ အန်တီတို့ကို ဒုက္ခမရောက်အောင် မင်းက ကူညီပေးခဲ့တာအားလုံးကို ကျေးဇူးတင်ပါတယ်ကွယ်။ ဒီငွေက အန်တီ မင်းဆီက ချေးထားတာပါ။ အန်တီ မင်းကို အကုန်ပြန်ပေးပါ့မယ်"

အန်တီယဲ့က ယွမ်တစ်ထောင်အား ထုတ်ယူလိုက်ပြီး ကျင်းယွင်ကျောင်း၏ အိတ်ကပ်များထဲသို့ သေချာ ထိုးသိပ်ထည့်ပေးလိုက်သည်။

ယဲ့ချင်း၏ မျက်လုံးများက ပြူးကျယ်သွားပြီး သူမ မြင်နေရသည်ကို မယုံနိုင်ဖြစ်နေ၏။

"အမေ၊ အမေ ရူးနေတာလား။ ဘာလို့ သူ့ကို ပိုက်ဆံတွေ ပေးနေတာလဲ"

ဖြန်း ...

ဤတစ်ကြိမ်၌ အန်တီယဲ့၏ ပါးရိုက်သံက ပို၍ ကျယ်လောင်လာသည်။

၎င်းက ဘေးတွင် မျက်နှာမဲ့၍ ရပ်နေသော ရှောင်ဟိုင်ချင်းပင် တစ္ဆေသရဲမြင်လိုက်ရသကဲ့သို့ ခံစားသွားရ၏။ သို့သော် နာကျင်မှုထက် သူမသည် အလွန်အမင်း လန်းဆန်းတက်ကြွသွားမှုကို ခံစားလိုက်ရခြင်းဖြစ်သည်။

အကြောင်းမှာ ယဲ့ချင်းသည် အလွန်အမင်း ပျက်စီးနေသောကြောင့် သူမသည် သူမ၏ အမေအရင်းနှင့်ပင် ထပ်တူထပ်မျှ မျှဝေခံစားပေးရန် မကြိုးစားဘဲ အခြေအနေကိုလည်း ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။ ယခုအချိန်တွင် အန်တီယဲ့သည် အလွန်အားအင်ပြည့်ဝနေပြီဖြစ်ရာ ယဲ့ချင်းသည် အနာဂတ်တွင် အရှုပ်အထွေးများကို ဖန်တီးနိုင်တော့မည် မဟုတ်ပေ။

သို့ရာတွင် အန်တီယဲ့သည် သူမ၏ သမီးဖြစ်သူကို အလွန်ချစ်မြတ်နိုးနေဆဲပင်ဖြစ်ရာ ဤကဲ့သို့ မျက်နှာမပေးဘဲ သူမသည် အတင်းအကျပ် လုပ်ခိုင်းရန် ဖိအားပေးနိုင်ပါမည်လား။

အတိတ်၌ ပြန်လည်မွေးဖွားခြင်းOù les histoires vivent. Découvrez maintenant