Chapter 101

2.1K 180 0
                                    

Chapter 101 : ဆံပင်အဝါနဲ့ယောက်ျား

စူးချူက နှုတ်ခမ်းစူလိုက်ပြီး သူမ၏ မျက်လုံးများ၌ မကျေနပ်မှုများ ပြည့်နေသည်။ သို့ရာတွင် ကျင်းယွင်ကျောင်း၏ အေးစက်သော စိတ်ထားကို မြင်ပြီးနောက် သူမ၏ ငယ်ရွယ်သော နှလုံးသားလေးက တစ်ဖန်ဆွဲဆောင်ခံလိုက်ရပြန်ပြီး ကျင်းယွင်ကျောင်းထံတွင် တစ်ဖန်ပြန်၍ ပိတ်မိသွားပြန်၏။ သူတို့၏ အမူအကျင့်များသည် သွေးသားရင်းညီအစ်မများကဲ့သို့ပင်။

ဤဆိုင်လေးတွင် ဧည့်သည်များစွာမရှိသောကြောင့် အစားအသောက်များက ခပ်မြန်မြန်ပင် ရောက်လာပြီး မကြာမီမှာပင် သူတို့၏ အစားအသောက်များကို စတင်စားသောက်ကြတော့သည်။ ကျင်းယွင်ကျောင်း၏ ထိုင်ခုံနေရာသည် အနည်းငယ် ကောင်းမွန်၍ အပေါ်စီးမှ တစ်ချက်ကြည့်ရုံနှင့်ပင် သူမသည် ဝင်ပေါက်၏ အနီးအနားပတ်ဝန်းကျင်မှ အခြေအနေကို လွယ်ကူစွာ စစ်ဆေးကြည့်ရှုနိုင်၏။

မိနစ်သုံးဆယ်နီးပါးကြာအောင် စောင့်နေပြီးနောက် ကျင်းယွင်ကျောင်းသည် ချောင်ဟုန်ယဲ့၏ အရိပ်အခြည်ကို မမြင်ရသေးပေ။ သူမသည် အခြေအနေအား လွဲမှားကောက်ချက်ချမိပြီဟုပင် ထင်လာမိ၏။

ထိုအချိန်မှာပင် စီးကရက်သောက်နေသော အမျိုးသားတစ်ယောက် ပေါ်ထွက်လာရာ မှတ်ဉာဏ်တစ်ခုက သူမ၏စိတ် အပေါ်ယံမျက်နှာပြင်အား ရိုက်ချိုး၍ ထွက်ပေါ်လာသကဲ့သို့ သူမ၏ စိတ်ထဲ၌ ဆတ်ခနဲ နာကျင်မှုတစ်ခုက ရုတ်ချည်း ဖြတ်ပြေးသွားလေသည်။ သူမသည် အသွေးအသားထဲမှ တုန်လှုပ်သွား၏။

(T/N: ရုတ်တရက်ကြီး ခေါင်းထဲမှာ တစ်ခုခုကို ပြန်ပြီးသတိရသွားလို့ ခေါင်းကိုက်သွားပေမယ့် ဟန်မပျက် ဒီအတိုင်း ဆက်နေလိုက်တဲ့ သဘောပါ)

"ဘာဖြစ်လို့လဲ"

စူးချူက သင်္ကာမကင်းဖြစ်သွားပြီး ခေါင်းမော့ကာ သူမအား ကြည့်လာသည်။ ကျင်းယွင်ကျောင်း၏  ကြောက်စရာကောင်းနေသော အသားအရောင်က သူမအား ရင်ဆောင့်ခုန်သွားစေပြီး သူမအား ထိန်းပေးရန် ခပ်မြန်မြန်ပင် ထလာ၏။

"ပြောင်ကျဲ၊ အစ်မရဲ့မျက်နှာက တကယ်ကို ဖျော့တော့နေတာပဲ။ နေမကောင်းဘူးလားဟင်"

အတိတ်၌ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now