Chapter 31

3.6K 373 0
                                    

Chapter 31 : ကောလဟာလများကို ရှင်းလင်းခြင်း

သူတို့သည် ဥပဒေအရ ကြီးကြီးမားမား ဒုက္ခမဖြစ်လျှင်တောင် နစ်နာကြေးကတော့ သေချာပေါက် ပေးကိုပေးရမည်ဖြစ်သည်။

ကျင်းယွင်ကျောင်း၏ သေချာလွန်းသော စကားများကြောင့် လုကျား၏ နှလုံးသားမှာ မသိမသာ တုန်ယင်သွားရ၏။

ရဲတွေက အမှန်တရားကို ကြေညာပြီးပြီ ဟုတ်လား။  ဘာအမှန်တရားလဲ...သူမ အနည်းငယ် ရှုပ်ထွေးနေသည်။ ကျင်းယွင်ကျောင်းက လမ်းသရဲတွေနဲ့ ဇာတ်လမ်းရှုပ်နေတယ်လို့ လူတိုင်းပြောခဲ့ကြတာ မဟုတ်လား။ ဒါမှမဟုတ် အဲဒါက အမှန်မဟုတ်လို့များလား။

ဆရာမကျင်က သက်ပြင်းချလိုက်၏။

"ငါ ဒီကိစ္စကို လူကြီးတွေနဲ့ ဆွေးနွေးပြီးသွားပြီ။ ကျောင်းမှာ ကောလဟာလတွေ ပြန့်တာက အရမ်းမြန်တယ်။ ဒါကြောင့် မနက်ခင်း စုဝေးပွဲပြီးတာနဲ့ ငါတို့ ဒါကို သတင်းထုတ်ပြန်ပြီး မင်းရဲ့ဂုဏ်သိက္ခာကို ရှင်းလင်းပေးပါ့မယ်"

အကယ်၍ ကျောင်းသားတစ်ယောက်သာ ထိုကဲ့သို့သော ကောလဟာလများနှင့် နာမည်ဖျက်ခံရပါက သူတို့သည် ကျောင်းကို ထာဝရ မုန်းတီးသွားလိမ့်မည်မှာ အသေအချာပင်။

"လုကျား၊ မင်းရဲ့မိဘတွေကို လာခဲ့ဖို့ ပြောလိုက်"

ဘီခန်းမှ ဆရာမ၏စိတ်မှာ မသက်မသာခံစားနေရပြီး သူက ဆက်ပြောသည်။

"မင်းက သူများကို အထင်လွဲခံရအောင် လုပ်ခဲ့တယ်။ ဒါပေမယ့် အဲ့ဒါကလည်း အကြောင်းပြချက်ရှိလို့။ ကျင်းယွင်ကျောင်းက မင်းကို နှောက်ယှက်ခဲ့ဖူးလား။ မင်းက အမှန်တရားကို မသိဘဲနဲ့တောင်မှ မဆင်မခြင် လျှောက်ပြောနေတုန်းပဲ။ မင်းရဲ့လုပ်ရပ်တွေက ဘယ်လိုအကျိုးသက်ရောက်တွေမှုတွေ ယူဆောင်လာမယ်ဆိုတာ မင်းမသိဘူးလား"

ဆရာမပြောသည့်အတိုင်း လုံခြုံရေးအစောင့်က ကင်မရာမှတ်တမ်းကို ယူလာသည်။ မှတ်တမ်းအားကြည့်ပြီးနောက် ကြည့်ရှုနေသူအားလုံး ပြောစရာစကားပင် ပျောက်ရှသွားရ၏။

မှတ်တမ်းက အသံမပါသော်ငြားလည်း သူတို့အားလုံးသည် ဘေးရှိ ကျောင်းသားများထဲမှ တစ်ယောက်ကို မေးလိုက်ရုံနှင့် ဖြစ်ပျက်ခဲ့သည်များကို ရှင်းရှင်းလင်းလင်း သိနိုင်မည်ဖြစ်သည်။

အတိတ်၌ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now