Chapter 124

1.4K 115 0
                                    

Chapter 124 : ဝယ်သူပေါ်လာခြင်း

အခြားဝင်ငွေတစ်ခုရရှိလာသဖြင့် နောက်ဆုံး၌ ကျင်းယွင်ကျောင်း၏ နှလုံးသားလေးက စိတ်ဖိစီးမှုများမှ လွတ်လပ်သွားခဲ့သည်။ သို့ရာတွင် သူမ၏  နေရာလွတ်နယ်မြေထဲတွင် ရှိနေသော အပြာနှင့်အဖြူစပ် ကြွေအိုးအကြောင်းကို တွေးလိုက်မိသဖြင့် ပြန်လည်၍ စဥ်းစားဆင်ခြင်လိုက်၏။

အတိတ်ဘဝ၌ အပြာနှင့် အဖြူစပ် ကြွေအိုးကို ဝယ်သွားသော စီးပွားရေးသမားသည် အခွင့်အရေးသမားတစ်ယောက် ဖြစ်ပြီး သူက ထိုအကြောင်းကို သတင်းများ ဖြန့်ခဲ့သောကြောင့် နင်းမြို့တော်မှ အဖိုးအိုသည် တရုတ်ကြွေထည်ကို ရူးသွပ်သွားခြင်းဖြစ်သည်။ ဤနည်းဖြင့်သာ သူ၏ အာရုံစိုက်မှုကို ရလိမ့်မည်။ ယခုအချိန်၌ ပစ္စည်းသည် သူမ၏ လက်ထဲတွင် ဖြစ်သည်။ သူမကသာ လက်ရှိအနေအထားအတိုင်း ပိုနေမြဲကျားနေမြဲ နေလိုက်၍ မည်သူကမှ အိုးအကြောင်းကို မသိပါက ကြောက်စရာပင်။ အဆုံးသတ်တွင် သူမသည် ၎င်းကို မရောင်းနိုင်ဘဲ နေလိမ့်မည်။

ထိုအကြောင်းကို တွေးတောယူဆပြီးနောက် ကျင်းယွင်ကျောင်းသည် အိမ်အပြန်လမ်းတွင် မြို့၏ အီလက်ထရွန်းနစ်ပစ္စည်းများရောင်းချသော အပိုင်းသို့ သွားရန် ဆုံးဖြတ်ခဲ့သည်။ သူမသည် ထိုနေရာမှ ကွန်ပျူတာတစ်လုံး ဝယ်ခဲ့၏။ လက်တွေ့တွင် အင်တာနက်ပေါ်တွင် ကလစ်တစ်ချက်နှိပ်ရုံဖြင့် သတင်းများကို လက်တွေ့လောကထက်ပို၍ မြန်ဆန်စွာ ဖြန့်ဝေနိုင်သည်။

နှစ်ရက်ကြာပြီးနောက် ကျင်းယွင်ကျောင်းသည် အင်တာနက် တပ်ဆင်ပြီးသွား၏။ သူမသည် ရှေးဟောင်းပစ္စည်းစုဆောင်းသူများကြားတွင် လူသိများသော ဝက်ဘ်ဆိုဒ်တစ်ခုကို ဖွင့်လိုက်သည်။  အပြာနှင့် အဖြူစပ် ကြွေအိုးပုံအား တင်ပြီးနောက် သူမသည် ၎င်း၏ အကြောင်းအရာ အသေးစိတ်ကို ဆက်၍ ဖြည့်လိုက်ပြီး နောက်ဆုံးအနေနှင့် သူမ၏ ဆက်သွယ်ရန် အချက်အလက်များကို ချန်ခဲ့လိုက်၏။

သူမ၏ လက်ထဲ၌ ယွမ်နှစ်သန်းထက်ပို၍ တန်ကြေးရှိသော တစ်စုံတစ်ခုရှိနေသည်ဟူသော အသိက သူမကို မအေးချမ်းစေပေ။ ယခု သူမလုပ်နိုင်သမျှမှာ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေရုံသာ ဖြစ်၏။

အတိတ်၌ ပြန်လည်မွေးဖွားခြင်းOù les histoires vivent. Découvrez maintenant