Chapter 15

3.7K 357 4
                                    

Chapter 15 : ကောင်းတဲ့အရာတွေကိုကျ မသင်ယူဘူး

ချောင်ဝေ့မင်သည် ခေါင်းကိုက်နေသဖြင့် အနည်းငယ် စိတ်ဆတ်နေသည်။

"စောက်ခွေးမလေး၊ နင် ဘာလို့ မနက်အစောကြီး အော်ဟစ်နေတာလဲ။ နင် ဖြစ်ချင်တာကို မြန်မြန်ပြောစမ်း။ ငါ အိပ်နေတာကို လာမနှောက်ယှက်နဲ့။"

ချောင်ဟုန်ယဲ့သည် ခံနိုင်ရည်ဝနေပြီဖြစ်၏။ သူမတွင် ချောင်ဝေ့မင်အား ဆန့်ကျင်ရန် အစွမ်းအစလည်း မရှိသဖြင့် ပြန်ဖြေရုံသာ တတ်နိုင်သည်။

"ဖေဖေ၊ အစ်မနဲ့ သမီးက ရက်တော်တော်များများ ခွင့်ယူထားတာ။ သမီးတို့ ဒီနေ့ အတန်းတက်စရာတောင် မလိုဘူး။ ညကျမှ ကျောင်းကို အတက်ပြရုံပဲ။ ဒါပေမယ့် အစ်မက အစောကြီး ထွက်သွားတယ်။ သူ ဟိုလမ်းသရဲတွေကို သွားရှာတာလို့ ဖေဖေ ထင်လား။"

ချောင်ဟုန်ယဲ့သည် တစ်ချိန်လုံး အိမ်တွင်သာ ရှိနေသောကြောင့် မနေ့က ထိုလမ်းသရဲများ အဖမ်းခံလိုက်ရကြောင်း မသိခဲ့ပေ။

ကျင်းယွင်ကျောင်းသည် မကြာသေးခင်ကမှ သူမ၏မိခင်ကို   ဆုံးရှုံးခဲ့ရပြီး ကျောင်းသူအရွယ်သာရှိသေးသူတစ်ဦးလည်းဖြစ်၏၊ ထိုကြောင့် ကျောင်းက သူမ၏စိတ်အခြေအနေကို ထည့်သွင်းစဉ်းစား၍ သူမအား အသိမပေးသေးဘဲထားရန် ဆုံးဖြတ်ခဲ့သည်။ သို့သော် သူမ ကျောင်းပြန်တက်လျှင်တော့ ဆရာမများက သူမအား ထိုလမ်းသရဲများကို အတည်ပြုပေးရန်အတွက် ရဲစခန်းသို့ ခေါ်သွားလိမ့်မည်မှာ အသေအချာပင်။

ချောင်ဝေ့မင်၏မျက်လုံးများ ပွင့်လာသည်။

"နင့်အစ်မ ထွက်သွားပြီ ဟုတ်လား။"

ချောင်ဟုန်ယဲ့က ခပ်မြန်မြန် ခေါင်းညိတ်ပြလိုက်သည်။

"အခုမှ ခုနစ်နာရီပဲ ရှိသေးတာ။ တကယ်လို့ သူ ဘတ်စ်ကားစီးသွားရင် ကိုးနာရီလောက် ခရိုင်မြို့ကို ရောက်မှာ။ ဖေဖေ၊ မမက အဲဒီလမ်းသရဲတွေထဲက တစ်ယောက်နဲ့များ ကြိုက်နေတယ်လို့ ထင်လား။ မဟုတ်ရင် သူ ဘာလို့ ဒီလောက် အလောတကြီးထွက်သွားတာလဲ။ အိုး...ပြီးတော့ မနက်စာ၊ သူ မနက်စာတောင် မလုပ်ပေးခဲ့ဘူး။"

အတိတ်၌ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now