Chapter 17

3.7K 374 0
                                    

Chapter 17 : ပရဆေးပစ္စည်းစျေး

အခြားစျေးဆိုင်ငယ်ပိုင်ရှင်များ၏ အားကျသော အကြည့်များအောက်တွင် ကျင်းယွင်ကျောင်းသည် သူမ၏ပစ္စည်းများကို ထုပ်ပိုးသိမ်းဆည်း၍ ထွက်လာခဲ့သည်။ သူမသည် ကလေးတစ်ယောက်သာဖြစ်ကြောင်း သူမ နားလည်၏။ ဤကဲ့သို့ ငွေရှာခြင်းသည် အချိန်အကြာကြီးနေမှ တစ်ကြိမ်လောက်သာ ပြုလုပ်သင့်ပြီး မကြာခဏသာ လုပ်မိပါက သူမသည် လူပေါင်းများစွာ၏ မနာလိုမုန်းထားစရာ ပစ်မှတ်ဖြစ်လာမည်မှာ အသေအချာပင်။

ဘိုးဘေးပေးခဲ့သည့် ပေလိပ်ထဲတွင် ခန္ဓာကိုယ်ကို သန်မာတောင့်တင်းစေရန် အထောက်အကူပြုမည့် နည်းလမ်းများပါဝင်သည်။ သူမသည် နေရာလွတ်နယ်မြေထဲ၌ ရက်အတော်ကြာ ထိုကိုယ်ခံပညာရပ်များကို လေ့ကျင့်ခဲ့ပြီး သူမ၏အခြေအနေမှာ တိုးတက်လာခဲ့ပြီဖြစ်သော်လည်း သူမကိုယ်သူမ ကာကွယ်ရန်အတွက်တော့ မလုံလောက်သေးပေ။ ထို့ကြောင့် သူမ သတိထားရန် လိုအပ်နေသေးသည်။

"ကောင်မလေး၊ ပန်းသီးတွေရောင်းတဲ့သူဆိုတာ မင်းလား။"

ကျင်းယွင်ကျောင်း ခြေလှမ်းအနည်းငယ်မျှသာ လှမ်းရသေးချိန်တွင် သူမ၏နောက်မှ ရင်းနှီးနေသော အသံတစ်သံ ထွက်ပေါ်လာ၏။

သူမက လှည့်ကြည့်လိုက်ရာ သူမ အကူအညီတောင်းခဲ့ဖူးသည့် ခရိုင်ဆေးရုံမှ သမားတော်ကန်အား တွေ့လိုက်ရသည်။ ယခုအချိန်တွင် အဖိုးအိုသည် တရုတ်ရိုးရာထည်အား ဝတ်ဆင်ထားပြီး လမ်းလျှောက်ထွက်လာပုံပေါ်၏။ သူ၏သွင်ပြင်မှာ ဆေးရုံမှပုံစံနှင့် လုံးဝကွဲပြားနေသည်။

"သမားတော်ကန်၊ သမားတော်ကြီးက ဘာလို့ ဒီရောက်နေတာလဲ။"

ကျင်းယွင်ကျောင်းက ယဥ်ယဥ်ကျေးကျေး ဦးညွတ်လိုက်ပြီး မေးလိုက်၏။

သမားတော်ကြီးက ရယ်ရင်း ပြန်ဖြေသည်။
"ငါ့သမီးက ငါ့ဖို့ အသီးတွေဝယ်လာတာ။ အဲဒါ ငါ့ရဲ့အိမ်နီးချင်းတွေက သဘောကျနေတာနဲ့ ခွဲပြီး သူတို့ကို ဝေမျှပေးလိုက်တာ ပိုင်ရှင်ဖြစ်တဲ့ ငါတောင် တစ်စိတ်မှ မမြည်းကြည့်လိုက်ရဘဲ ကုန်သွားပါရောလား၊ ငါ့သမီးက လုပ်စရာရှိလို့ အပြင်ထွက်သွားတာနဲ့ ထပ်ဝယ်ဖို့ ငါတစ်ယောက်တည်း ဒီကို တိတ်တိတ်လေးထွက်လာတာ။ သူက ငါ့ကိုပြောတယ်၊ ရောင်းတဲ့သူက ဆယ့်ငါး ဆယ့်ခြောက်လောက် ကောင်မလေးတဲ့။ မင်းဖြစ်နေမယ်လို့ ငါ ထင်မထားမိဘူး။"

အတိတ်၌ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now