Chapter 165

1.1K 96 0
                                    

Chapter 165 : ကြွေးသစ်၊ ကြွေးဟောင်း

အပြင်ဘက်မှ ရုတ်ရုတ်သဲသဲ အသံများကို ကြား၍ ကျင်းယွင်ကျောင်းသည် သူမ၏ နေရာလွတ်နယ်မြေထဲမှ ထွက်လာခဲ့ပြီး အခန်းတံခါးကို ဖွင့်လိုက်ရာ ချောင်ဟုန်ယဲ့၏ မြင်မကောင်းသော ပုံစံနှင့် ငိုကြွေးနေသော စောဒကတက်နေခြင်းများကို တစ်ချိန်တည်း မြင်လိုက်ရ၏။

ကျင်းယွင်ကျောင်းက မျက်မှောင်ကြုံ့ချင်သလို ခံစားလိုက်ရသော်လည်း ထိုအစား ပြုံးလိုက်ပြီး ဆိုဖာဆီသို့လျှောက်လာကာ ခုံတစ်ခုံ၌ ဝင်ထိုင်လိုက်သည်။ သူမ၏ လက်ထဲတွင် ကိုင်ထားသော စာတစ်စောင်ကို ကော်ဖီစားပွဲပေါ်သို့ တင်လိုက်ပြီး ခပ်သွက်သွက် မှတ်ချက်ချလိုက်၏။

"နင် ဒီကို ရောက်လာပြီဆိုမှတော့ ထိုင်ပါဦး"

ချောင်ဟုန်ယဲ့ ဆွံ့အသွားသည်။ ဤတစ်ကြိမ်၌ ကျင်းယွင်ကျောင်းသည် စကားပြောရ လွယ်ကူလိမ့်မည်ဟု သူမ တစ်ခါမှ ထင်မထားခဲ့ပေ။

သူမက အဘယ့်ကြောင့် ကမ်းလှမ်းမှုကို ငြင်းရမည်နည်း။ ထန်ကျစ်ဟွား၏ ရှေ့၌ သူမကိုယ်သူမ ကောင်းမွန်သော အပြုအမူကို ပြသရန်အတွက် သူမသည် ချက်ချင်းပင် လမ်းလျှောက်သွားလိုက်၏။

"ကျေးဇူးတင်ပါတယ်။ ကျွန်မတို့က တူညီတဲ့ မျိုးရိုးနာမည်ကို မမျှဝေခဲ့ကြပေမယ့် မမက ကျွန်မရဲ့ရင်ထဲမှာတော့ အမြဲတမ်း ကျွန်မရဲ့အစ်မပါပဲ။ ကျွန်မတို့က နှစ်ပေါင်းများစွာ အတူတူ ကြီးပြင်းလာကြတာ။ ကျွန်မ အစ်မကို အမြဲတမ်း ကျွန်မရဲ့မိသားစုလို့ပဲ မြင်တယ်"

"မိသားစု ဟုတ်လား"

ကျင်းယွင်ကျောင်းက အေးစက်စက် ရယ်မောလိုက်သည်။

"ဇွတ်တွေ ဆွေမျိုးစပ်မနေပါနဲ့။ အရင်ဆုံး နင် တစ်ချက်လောက် ကြည့်သင့်တာလေးတွေ ရှိတယ်"

ထို့နောက် ချက်ချင်းပင် သူမသည် ဓါတ်ပုံတစ်ပုံကို ဆွဲထုတ်လိုက်၏။

"ဒါက နင်နဲ့ နင့်ရဲ့အဖော် ကောင်းရှင်းတို့ အတူရှိနေတဲ့ပုံပဲ။ ငါရဲ့အခန်းကို ဝင်ခိုးဖို့ ပြင်ဆင်နေတာလေ။ ဒါမှမဟုတ် ငါ မှားတာများလားနော်"

အတိတ်၌ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now