Chapter 29

3.5K 356 0
                                    

Chapter 29 : ဖူးယောင်နေအောင် ပါးရိုက်ခံရခြင်း

ကျင်းယွင်းကျောင်းက သူမ၏လက်များကို ဖမ်းချုပ်ထားလိုက်သောအခါ လုကျားသည်် ကျင်းယွင်ကျောင်းအား ခြေထောက်ဖြင့် လှမ်းကန်လိုက်သည်။

ဒုန်း ...

ထိုကန်ချက် မြေပေါ်သို့ပြန်မကျသေးမီမှာပင် လုကျား၏ ခန္ဓာကိုယ်တစ်ခုလုံးသည် မြေကြီးပေါ်သို့ ကိုင်ပေါက်ခံလိုက်ရ၏။

သူတို့ကြားရှိရန်ပွဲက သိပ်မကြီးကျယ်သော်လည်း မနက်ခင်းစောစောဖြစ်ရာ ကျောင်းသို့ စောစောလာသော ကျောင်းသားများအားလုံး ထိုနေရာ၌ စုံရုံးနေကြသည်။ သူတို့အားလုံးသည် ၄င်းတို့ရှေ့တွင် ထင်ထင်ရှားရှား မြင်လိုက်ရသော မြင်ကွင်းကြောင့် ကြက်သေသေသွားရ၏။

သူတို့သည် ကျင်းယွင်ကျောင်းက လုကျားအပေါ်၌ တက်ခွထိုင်လိုက်သည်အား မြင်လိုက်ကြရသည်။ ထို့နောက် သူမက လက်ကိုလွှဲ၍ လုကျား၏ မျက်နှာပေါ်သို့ နှစ်ချက်ဆင့်၍ ဖြန်းခနဲ့ အသံမြည်အောင် ရိုက်ပစ်လိုက်၏။

ဖြန်း ... ဖြန်း ...

"တောင်းပန်စမ်း"

ကျင်းယွင်ကျောင်းက ပါးနှစ်ချက်ရိုက်ပြီး ကြိမ်းဝါးလိုက်သည်။

လုကျားသည် ခပ်ပြင်းပြင်း အရိုက်ခံထားရ၏။ သူမသည် သူမ၏ဘဝ၌ တစ်ကျောင်းလုံး၏ရှေ့တွင် ပါးရိုက်ခံရမည့်နေ့ ရှိလာလိမ့်မည်ဟု မယုံကြည်ခဲ့။

"နင်က အောက်တန်းစားမ။ အကြင်နာတရားမရှိ၊ အရှက်မရှိတဲ့ အောက်တန်းစားမ။ နင်က အခြားသူတွေနဲ့ ပတ်အိပ်ခဲ့ပြီးတော့များ"

လုကျားက ရန်လိုသော မျက်လုံးများဖြင့် မျက်တောင်မခတ်တမ်း ကြည့်နေသည်။ သူမသည် အရှုံးကို သေချာပေါက် ဝန်ခံမည် မဟုတ်ပေ။

ထိုအချိန်တွင် ကျင်းယွင်ကျောင်း၏ အကြည့်များက ပို၍အေးစက်လာသည်။ သူမက အေးအေးစက်စက် ပြုံးလိုက်ပြီး ပြန်ဖြေ၏။

"မဟုတ်မမှန် စွပ်စွဲတာက ရာဇဝတ်မှုမြောက်တယ်ဆိုတာ နင်သိလား။ နင် အနာဂတ်မှာ လမ်းမှားမရောက်အောင် ငါ နင့်ကို ဒီနေ့ ရှင်းရှင်းလင်းလင်း မှတ်မိသွားအောင် လုပ်ပေးလိုက်မယ်"

အတိတ်၌ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now