Chapter 54

3.1K 341 2
                                    

Chapter 54 : အရှုံးသမား

ကျင်းယွင်ကျောင်းသည် ယဲ့ချင်းအား ခပ်ပေါ့ပေါ့ တစ်ချက်ကြည့်လိုက်သည်။ သူတို့၏ရန်ဖြစ်ငြင်းခုံမှုက ရပ်တန့်သွားပြီဖြစ်၏။

သူမသည် သူမ၏ ရှေ့တွင်ရှိသော ယဲ့ချင်းကို မေ့သွားသည့်အလား ပြုမူလိုက်၍ ခေါင်းကို အခြားတစ်ဖက်သို့ လှည့်လိုက်သည်။ ယဲ့ချင်းသည် ကျင်းယွင်ကျောင်း ခေါင်းလှည့်သွားသည်ကို မြင်လိုက်ရ၏။ ကျင်းယွင်ကျောင်း၏ အကြည့်သည် ယဲ့ချင်းမှာ ညစ်ပတ်သေးနုပ်သော အရာတစ်ခုဖြစ်သည်ဟူသော အနည်းငယ် တုန်လှုပ်စဖွယ် ခံစားချက်ကို ပေးစွမ်းနေသည်။

ယဲ့ချင်း စိတ်ရှုပ်သွား၏။

ကျင်းယွင်ကျောင်းက သူမအား လျစ်လျူရှုရန် ဆုံးဖြတ်လိုက်သည်မှာ အရှုံးကို လက်ခံသွား၍ ဖြစ်ရမည်။

"ကျင်းယွင်ကျောင်း၊ နင့်မှာ ပိုက်ဆံအများကြီးမရှိဘူးလေ။ နင် ချောင်ဟုန်ယဲ့ကို သွားတောင်းပန်ပြီး သူ့ဆီကနေ ပိုက်ဆံချေးသင့်တယ်လို့ ငါထင်တယ်။ ဘာပဲဖြစ်ဖြစ် သူက နင့်ညီမပဲဟာ"

အရှေ့တွင်ထိုင်နေသော ကျန်ရှက ခေါင်းလှည့်၍ အကြံပေးလာသည်။

"ငါ့ ဖင်ကို ချေးပါ့လား။ နင့် စောက်လုပ်ကိုပဲ နင်လုပ်ရင် သေမှာမို့လို့လား။ နင် ချောင်ဟုန်ယဲ့ကို ဒီလောက်ကြိုက်နေရင် ဘာလို့ သူ့ကို သွားမပြောတာလဲ။ ကျင်းယွင်ကျောင်းရဲ့ နားရွက်တွေနားမှာ ယင်တစ်ကောင်လို တဝီဝီလုပ်နေတာတွေ ရပ်လိုက်စမ်းပါ။ နောက်တစ်ခါဆို ငါ နင့်ရဲ့အပုပ်နံ့ထွက်နေတဲ့ ပါးစပ်ကို အပ်နဲ့ချုပ်ပစ်မယ်"

ရှောင်ဟိုင်ချင်းက စာအုပ်တစ်အုပ်နှင့် ပစ်ပေါက်လိုက်ရာ ကျန်ရှ၏ မျက်နှာအား မှန်သွား၏။ ကျင်းယွင်ကျောင်းသည် ထိုစာအုပ်လှလှပပ ဝိုက်၍သွားသည်အား လက်ခုပ်မတီးဘဲ မနေနိုင်ချေ။

ကျင်းယွင်ကျောင်း၏ နှုတ်ခမ်းလေးများက ကွေးညွတ်သွားပြီး ရှောင်ဟိုင်ချင်းအား ရင်ချင်းအပ်၍ ဖက်လိုက်သည်။

"ကောင်းကောင်း ပြောခဲ့တာပဲ"

"ဒါပေါ့၊ ဒါတောင် တကယ်ကို နောက်ပိုင်းမှာ ငါ့ကိုယ်ငါ ပြန်ထိန်းလိုက်လို့၊ မဟုတ်ရင် သူ့ရဲ့ဘိုးဘေးတွေကိုပါ ဆွဲထုတ်ပြီး သူတို့ကိုပါ အော်ဆဲပစ်မှာ"

အတိတ်၌ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now