Chapter 35

3.4K 389 2
                                    

Chapter 35 :  အားပြင်းသော တန်ပြန်တိုက်ခိုက်ခြင်း

ကျောင်းသားများသည် ဘာဖြစ်သွားမှန်း မသိလိုက်ကြချေ။ သို့သော် သူတို့သည် ကျန်ရှ ပြောသည်ကို ကြားသောအခါ ချက်ချင်း နားလည်သွားကြ၏။

ကျင်းယွင်ကျောင်းက သူမ၏ ဖတ်စာအုပ်ကို ပိတ်လိုက်ကာ ခေါင်းလှည့်၍ ကျန်ရှ နှင့်  မျက်နှာချင်းဆိုင်လိုက်သည်။ သူမ၏ မျက်ဝန်းများက အေးစက်နေ၏။

"နင် ဘာလို့ ငါ့ကို ကူညီဖို့ ကြိုးစားနေတာလဲဆိုတာ ငါ နားမလည်ဘူး။ ပြီးတော့ လူတိုင်းက ချောင်ဟုန်ယဲ့ မဟုတ်ဘူး။ လူတိုင်းက သူ့လိုမျိုး ပေါင်းသင်းဆက်ဆံရေး ချောမွေ့ပြေပြစ်နေတာလည်း မဟုတ်ဘူး။ နင် စကားပြောတာ ဟိတ်ဟန်တွေနဲ့ ယုံကြည်ချက်တွေများလွန်းတယ်။ သိတဲ့သူတွေက နင့်ကို ကြင်နာတတ်တဲ့သူလို့ပဲ ထင်ကြလိမ့်မယ်။ သူတို့က နင့်ကို တကယ် ချောင်ဝေ့မင်ရဲ့သားလို့တော့ ထင်ကြမှာ မဟုတ်ဘူး"

"ကျင်းယွင်ကျောင်း၊ နင် ဘယ်လိုကြီးပြောလိုက်တာလဲ။ အတန်းခေါင်းဆောင်က ဒီလောက်တောင် ဖော်ရွေတာ"

ကျင်းယွင်ကျောင်း၏ ရှေ့တွင် ထိုင်နေသော ကျောင်းကောင်စီအဖွဲ့ဝင်က နောက်လှည့်၍ ဝင်ပြောလေသည်။

ထိုကျောင်းကောင်စီအဖွဲ့ဝင်၏အမည်မှာ ယဲ့ချင်းဖြစ်၏။ သူမသည် အတော်လေး လှပ၍ အဆင့်မှာလည်း အတန်းထဲတွင် ဒုတိယအမြင့်ဆုံးဖြစ်သည်။ ကျန်ရှ နှင့် ယဲ့ချင်းတို့အား လူအများက စုံတွဲအဖြစ် သဘောတူကြပြီး သူတို့ကမူ ထိုအတားအဆီး အလွှာပါးများ မဖောက်ဖျက်ကြသေးပေ။

"အတန်းခေါင်းဆောင်က နင့်အပေါ်တော့ ဖော်ရွေတဲ့ပုံ ရရင်ရမှာပေါ့။ ဒါပေမယ့် ငါနဲ့ကျတော့ ဘာဆိုင်လို့လဲ"

ကျင်းယွင်ကျောင်းက နှောင့်နှေးခြင်းမရှိ ပြန်တုံ့ပြန်လိုက်သည်။

"နင်တို့က လူတစ်ယောက်ရဲ့အတိတ်ကို မသိသေးဘဲနဲ့ သူတို့ရဲ့အနာဂါတ်ကို မတန်မရာ ဆုံးဖြတ်ချက်ချပေးနေချင်ကြတယ်။ နင်တို့ကိုယ် နင်တို့ တကယ်ကြီး နတ်ဘုရားတွေလို့များ ထင်နေကြတာလား။ ချောင်မိသားစုနဲ့ ငါ့ကြားက ပြဿနာက ငါ့ကိစ္စလေ။ ငါ တကယ်သိချင်မိတယ်၊ အတန်းခေါင်းဆောင်။ နင် အငန်တွေဘယ်လောက်တောင် စားထားလို့ ဒီလောက် လေးလံထိုင်းမှိုင်းနေရတာလဲ။ နင်က ငါ့ကို ချောင်မိသားစုကို တောင်းပန်စေချင်တယ်ဟုတ်လား။ ငါက ဘာကိစ္စကြောင့် တောင်းပန်ရမှာလဲဆိုတာ သိချင်မိတယ်"

အတိတ်၌ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now