Chapter 56

3K 311 1
                                    

Chapter 56 : ဆေးမှားသောက်ခြင်း

ယနေ့ ရှောင်ဟိုင်ချင်းသည် သူမ၏ ဆံပင်ကို ခပ်မြင့်မြင့် စည်းထားပြီး အနက်ရောင် ကုတ်အင်္ကျီတစ်ထည်အား ဝတ်ဆင်ထား၏။ သူမ၏ ဖြူဖွေးကြည်လင်သော အသားအရည်ပေါ်တွင် မိတ်ကပ် လုံးဝလိမ်းမထားသော်လည်း သူမ၏ ရင့်ကျက်သောသွင်ပြင်က ဖြောင့်မတ်တည်ကြည်သော ခံစားမှုတစ်ခုကို ပေးနေသည်။

"ငါ ပိုက်ဆံထုတ်ဖို့ သွားနေတာနဲ့ နည်းနည်း နောက်ကျသွားတယ်။ ယဲ့ချင်းနဲ့ ကျန်တဲ့သူတွေရော ရောက်ပြီလား"

ကျင်းယွင်ကျောင်းက မျက်မှောင်ကြုံ့၍ မေးလိုက်၏။

သူတို့၏ အကြောင်းကို ထည့်ပြောလိုက်သောအခါ ရှောင်ဟိုင်ချင်းသည် နှုတ်ခမ်းကို မဲ့လိုက်ပြီး ...

"သေချာတာပေါ့။ သူတို့အစောကြီးလာပြီး ခန်းမထဲမှာ စုနေကြတယ်။ အို...ဟုတ်သားပဲ၊ သူက အထဲဝင်လာပြီး ငါ့ကိုတောင် နင့်အကြောင်း မေးနေသေး။ သူပြောတာက ငါတို့ ဗိုက်မပြည့်သေးရင် သူက ငါတို့ကို ထပ်ပြီးတော့ ဧည့်ခံပါမယ်တဲ့"

ဘယ်လိုအတန်းအစားမျိုးလဲ ...

ရှောင်ဟိုင်ချင်း၏ မူလရည်ရွယ်ချက်မှာ ရိုးစင်းပြီး ယဲ့ချင်းနှင့် အခြားသူများအပေါ် မည်သည့်ကြွားဝါမှုကိုမှ လုပ်ရန် အစီအစဥ်မရှိပေ။ သူမသည် အခြားသူများအား ကျင်းယွင်ကျောင်းကို လွယ်လွယ် အနိုင်ကျင့်၍ မရကြောင်း ပြောပြချင်ရုံပင်။ သို့ရာတွင် ယဲ့ချင်း၏ စိတ်နေစိတ်ထားမှာ ဆိုးရွားလှသည်။ ဤရက်များ အတောအတွင်း သူမသည် သူတို့၏ နောက်ကွယ်တွင် ဆက်လက်၍ လှောင်ပြောင်နေခဲ့၏။ ကျင်းယွင်ကျောင်းနှင့် ရှောင်ဟိုင်ချင်းက ထိုအတွက်ကြောင့် အနှောက်အယှက်မဖြစ်သော်လည်း အခြားတစ်ဖက်ကတော့ အဆုံးမရှိ ဆက်လက်လုပ်ဆောင်နေမည်မှာ အမှန်ပင်။

"သူက ဟင်းပွဲတစ်ချို့ ပိုမှာချင်နေတယ်လို့ ဆိုရင်တောင် ငါတို့က ဘာလို့ သူ့ရည်ရွယ်ချက်အတိုင်း မသွားဘဲ နေရမှာလဲ။ လာ သွားကြစို့၊ ငါတို့က အပေါ်ထပ်ကို သွားကြမယ်"

ကျင်းယွင်ကျောင်းက ရှောင်ဟိုင်ချင်း၏ လက်မောင်းကို ချိတ်လိုက်ပြီး နှစ်ဦးသားသည် မှန်တံခါးများကို ထပ်မံဖြတ်သန်း၍ ဝင်လာခဲ့ကြသည်။

အတိတ်၌ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now