Chapter 183

1.1K 98 0
                                    


Chapter 183 : အသက်ကြီးပြီး အချိန်မစီး

ချင်ဇစ်ရွှယ်၏ အသံမှာ မကျယ်ပေ။ ပြဿနာရှာသည့်အခါ ကျယ်ကျယ်လောင်လောင်နှင့် ပုံကြီးချဲ့ပြောဆိုတတ်သည့် အခြားသူများနှင့် ယှဥ်ပါက သူ၏ အခြေအနေမှာ သူသည် ရိုးရိုးရှင်းရှင်း စောဒကတက်နေသည့်အလားပင်။ သို့ရာတွင် စကားလုံးတိုင်းက ဓါးများကဲ့သို့ ကန်စုန့်ပိုင်၏ နှလုံးသားကို အချိန်တိုင်း စောင့်ထိုးနေသည်။ ၎င်းက သူ့ ဦးနှောက်အား ပြင်းထန်သော နာကျင်မှုများကို ဆက်တိုက်ခံစားနေရသကဲ့သို့ ဖြစ်စေ၏။

"သမားတော်ကန်၊ ကျေးဇူးပြုပြီး ရှင့်ရဲ့ဒေါသကို လျှော့ပါဦး။ ကျွန်မ အခုချက်ချင်း ဒါရိုက်တာကို ပြေးခေါ်လိုက်မယ်"

ဘေးတွင်ရှိသော သူနာပြုတစ်ယောက်သည် သူ မည်သို့ဖြစ်လာသည်ကို မြင်ပြီးနောက် ထိတ်ထိတ်ပျာပျာဖြစ်လာ၍ ကပျာကယာ ပြေးထွက်သွားတော့သည်။

ချင်ဇစ်ရွှယ်သည် အလွတ်ပေးရန် ရည်ရွယ်ချက်မရှိသေးဘဲ လေးနက်မှုများပြည့်နေသော အမူအယာဖြင့် ပြောလာ၏။

"အခုသွားပြီးတော့ သူ့ကို ခေါ်လိုက်ပါ။ ကျုပ်လည်း ခင်ဗျားတို့ရဲ့ဆေးရုံအုပ်ချုပ်သူကို တွေ့ချင်တယ်။ သူတို့က တကယ်ပဲ သူတို့ရဲ့သမားတော်တွေကို ဒီလိုအကျင့်ပျက်တဲ့ ကိစ္စတွေကို လုပ်ခွင့်ပြုထားလား"

"အိုး...ဟုတ်သားပဲ။ သမားတော်ကန်၊ ကျုပ်ရဲ့မိန်းမကို ဖွက်ထားတာ ဘယ်နေရာလဲ။ ခင်ဗျားမှာ ငဲ့ညှာစိတ်ရှိသေးရင် ကျုပ်ရဲ့မိသားစုကို လွှတ်ပေးဖို့ ခင်ဗျားကို ကျုပ် တောင်းပန်ပါတယ်"

"အသရေဖျက်နေတာ၊ လုံးလုံး အကျိုးအကြောင်းဆက်စပ်မှု မရှိတာတွေ"

ကန်စုန့်ပိုင်က စားပွဲကို ဒေါသတကြီးရိုက်လိုက်ပြီး သူ့ မျက်နှာက အစိမ်းရောင်ပြောင်းသွားသည်။

"မင်းရဲ့မိန်းမကို နှိပ်စက်ညှင်းပန်းတဲ့သူက မင်းဆိုတာ အသိသာကြီးပဲကွ"

သူ့ စကားမဆုံးမီမှာပင် ချင်ဇစ်ရွှယ်က စကားဖြတ်ပြောလိုက်သည်။

"ဘာလို့ ကျုပ်က ကျုပ်မိန်းမကို ညှင်းပန်းနှိပ်စက်ရမှာလဲ။ မကြာသေးခင်က ကျုပ်တို့မှာ ပြဿနာနည်းနည်း ရှိခဲ့ရုံပါ။ ခင်ဗျား အဲဒီအတွက်ကြောင့်နဲ့တော့ ဒီလို လူ့ကျင့်ဝတ်နဲ့မညီတဲ့ ကိစ္စတွေကို လုပ်လို့မရဘူးလေ"

အတိတ်၌ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now