Chapter 79

2.3K 232 0
                                    

Chapter 79 : ညီမကိုပင် အနိုင်မယူနိုင်ခြင်း

ကျင်းယွင်ကျောင်းသည် သူမ၏ အတိတ်ဘဝက အနှစ်နှစ်ဆယ်ကျော် ရှင်သန်နေထိုင်ခဲ့သူဖြစ်သည်။ ဆယ့်ခြောက်နှစ်အရွယ် ကလေးငယ်သာ ဖြစ်သည့် ကန်ကျင်းချန်၏ အတွေးများကို ခန့်မှန်းရန် မခက်ခဲပေ။

သူမ၏ လက်ထဲရှိ ရုပ်ပုံထဲမှ အမျိုးသမီးတွင် အတော်လေး ဆိုးရွာသော အခြေအနေရှိသည်ဟု ထင်ရသောကြောင့် ဖြစ်ရမည်။ ထို့နောက် အဖိုး၏ မေးခွန်းများ အားလုံးက မရိုးရှင်းသည်ကို ထည့်ပေါင်းလိုက်သောအခါ သူ့ဆီမှ "တီဘီရောဂါ" ဟုသော အဖြေထွက်ပေါ်လာခြင်း ဖြစ်နိုင်၏။

"မင်း ဘယ်လိုကြောင့် သေချာနေတာလဲ။ ဒါဆိုရင် ဘာလဲ"

"သာမန်လူတစ်ယောက်ရဲ့ မျက်နှာက အနည်းငယ် အဝါရောင်သမ်းပြီးတော့ နီမြန်းပြီး တောက်ပနေတာပဲ ဖြစ်သင့်ပါတယ်။ ဒီအမျိုးသမီးရဲ့ မျက်နှာက အနည်းငယ် နီရဲနေတာ၊ ဒါက တစ်ခုခုမှားနေတယ်ဆိုတာ သိသာပါတယ်။ သူ့ရဲ့ဆံပင်ကို ကြည့်ပါ၊ သပ်သပ်ရပ်ရပ် စည်းနှောင်ထားတယ်။ သူ့ရဲ့ အဝတ်အစားတွေက ထူပြီးတော့ လေးလွန်းနေပေမယ့် သူတို့က အရမ်း လိုက်ဖက်နေတယ်။ ဒီအမျိုးသမီးက သူ့ရဲ့ ပုံပန်းသွင်ပြင်ကို အရမ်းဂရုစိုက်တာလည်း သိသာတယ်၊ ဒါကြောင့် သူ့ရဲ့ နှုတ်ခမ်းနားမှာ ရှိတဲ့ အနာတွေကို အမှန်တကယ်ပဲ မိတ်ကပ်နဲ့ ဖုံးထားတယ်၊ ဒါပေမယ့် ဒါတွေက အဲဒီမှာ မရှိဘူးလို့ မဆိုလိုဘူး။ တကယ်လို့ သူ့ရဲ့ နှုတ်ခမ်းနားက အသားရောင်ကို အနီးကပ်ကြည့်ရင် နည်းနည်းလေး ကွဲပြားနေတာကို တွေ့ရပါလိမ့်မယ်။ ပြီးတော့ ဒီလိုအဝတ်အစားတွေ ဝတ်ထားတာကလည်း သူက သူ့ရဲ့ကိုယ်ပေါ်မှာရှိတဲ့ အဖုအပိန့်တွေကို ဖုံးထားချင်လို့ပါ။ သူရဲ့ကုပ်ပိုးအောက်ကို ကြည့်ရင်လည်း အဖုအပိန့်နည်းနည်းကို မြင်နိုင်ပါသေးတယ်"

ကန်ကျင်းချန်၏ မျက်နှာက နီရဲသွားသည်။ သူသည် ယောက်ျားလေးတစ်ယောက်ဖြစ်၏။ အဘယ်ကြောင့် ထိုအစိတ်အပိုင်းကို ကြည့်မိလိမ့်မည်နည်း။ ထိုဆွေးနွေးခံရသောသူသည် ရှေးရိုးဆန်ဆန်ဟန်ပန်ကိုသာ ဝတ်စားဆင်ယင်ထားလျှင်တောင်မှ သူသည် ထိုပေါ်နေသော အသားအရေကို သိသိသာသာ ကြည့်ရန်မှာ မဖြစ်နိုင်ပေ။

အတိတ်၌ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now