Chapter 72

2.9K 301 1
                                    

Chapter 72 : ပေါ်ထွက်လာခြင်း

ရှောင်ဟိုင်ချင်းက ကျင်းယွင်ကျောင်းဆီမှ ထွက်လာသော အရှိန်အဝါများသည် လေးနက်တည်ကြည်လွန်းနေသကဲ့သို့ ခံစားလိုက်ရ၏။ မည်သည့်အချိန်တွင်မဆို သူမသည် သူမ၏ စိတ်ခံစားချက်များကို အလွန်ကောင်းမွန်စွာ ထိန်းချုပ်နိုင်သည်။

ယနေ့ အခြေအနေကို ဥပမာတစ်ခုအနေနှင့် ယူရလျှင် လူတိုင်း ပျာယာခတ်နေကြချိန်တွင် ကျင်းယွင်ကျောင်း တစ်ဦးတည်းသာ တည်ငြိမ်မှုကို ထိန်းထားနိုင်၏။

ယခုချက်ချင်းပင် သူမသည် ကျန်ရှကိုလည်း ဆုံးမခဲ့သေးသည်။ သူမသည် ဒေါသပြင်းစွာထွက်နေပုံရသော်လည်း ကိစ္စများစွာကို ထည့်သွင်းစဥ်းစားခဲ့သေး၏။ အကယ်၍ သူမသာ ကျန်ရှအပေါ်တွင် အမှန်တကယ် ဒေါသထွက်နေပါက သူမသည် သူ့အား မသန်မစွမ်းဖြစ်အောင်အထိ လုပ်နိုင်သည်။ သူမသည် အတိအကျ ခန့်မှန်းထားကြသော အခြေအနေထိဖြစ်အောင် မလုပ်ခဲ့ဘဲ ကျန်ရှအား ရိုက်နှက်ပြီးသည့် နောက်တွင်လည်း သူ၏ ခန္ဓာကိုယ်ကို အကောင်းအတိုင်း ထားပေးခဲ့သေးသည်။

"အိုး...ဒါနဲ့ စကားမစပ်၊ နင့်ရဲ့ဆေးပညာစွမ်းရည်တွေကို ဘယ်သူ့ဆီက သင်ထားတာလဲ။ ခုနက အဖိုးဆီကလား"

ရှောင်ဟိုင်ချင်းက ရုတ်တရက် သတိရသွား၏။

သူတို့သည် အချင်းချင်း ထိတွေ့ဆက်ဆံမှု သိပ်မရှိသော်လည်း ကျင်းယွင်ကျောင်းက သူမတွင် ဆေးပညာကျွမ်းကျင်မှုရှိသည်ဆိုသော အချက်ကို တစ်ခါမှ ထုတ်မပြခဲ့ဖူးပေ။ ယနေ့ သူမ၏ နည်းလမ်းများသည် အံသြထိတ်လန့်ဖွယ်် ကောင်းလွန်းလှ၏။

"မဟုတ်ဘူး။ ငါ ဆေးပညာကို ငါနဲ့သိတဲ့ လူထူးလူဆန်း အဖိုးတစ်ယောက်ဆီကနေ သင်ခဲ့တာ"

ကျင်းယွင်ကျောင်း၏ စကားလုံးများသည် အလိမ်အညာဟု မယူဆနိုင်ပေ။ နေရာလွတ်နယ်မြေထဲရှိ ဆေးပညာဗဟုသုတများနှင့် သူမ၏ကျောက်စိမ်း အားလုံးမှာ ဘိုးဘေး ကျင်းဟယ်မှ ချန်ထားပေးခဲ့သော အရာများဖြစ်သည်။ သူသည် လက်ရှိအချိန်တွင် မရှိတော့သော်လည်း သူမသည် သူ၏ အမွေအနှစ်များကို ဆက်ခံခဲ့၏။ သူမသည် အခြားသူကို အသိအမှတ်ပြုမှု မပေးနိုင်ပေ။

အတိတ်၌ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now