Chapter 78

2.2K 233 0
                                    

Chapter 78 : အမှန်ကို ခန့်မှန်းပါ

သို့သော် နိုင်ငံအတွင်း၌ တိုင်းရင်းဆေးသမားတော်များစွာရှိ၍ အများစုမှာ ဆေးပညာကို နှစ်ပေါင်းများစွာ လေ့လာပြီးသား ဖြစ်နိုင်၏။ ကျင်းယွင်ကျောင်း၌ ကိုယ့်ကိုကိုယ် နှိမ်ချတတ်သော စိတ်ထားရှိနေသည်မှာ သဘာဝပင်။

ကျောက်စိမ်းစာလိပ်မှ အချက်အလက်များကို အထင်သေး၍ မရပေ။ အကယ်၍ သူမသာ သူမ၏ စိတ်ထဲမှ စကားလုံးများကို ဆွဲထုတ်ပြီး အလွတ်ဆိုပြပါက ကျောက်စိမ်းအပိုင်းတစ်ပိုင်းကို အချိန် ဆယ်နှစ်ကျော်ခန့် ကြာကောင်းကြာနိုင်၏။

ကျင်းယွင်ကျောင်းသည် အမှန်တကယ်ပင် ကံကောင်းလှသည်။ သူမသည် သူမ၏ ဘိုးဘေးဖြစ်သူမှ သူမအား ပေးခဲ့သောအရာများကို တိုက်ရိုက် စုပ်ယူနိုင်၍ သူမ၏ ကိုယ်ပိုင်ဘဝကို ပြောင်းလဲနိုင်သည်။

"ပထမဆုံး မင်းတို့ရဲ့အကဲဖြတ်မှုကို စစ်ဆေးမယ်"

ကန်စုန့်ပိုင်က လိုရင်းတိုရှင်းပြောလိုက်ပြီး သူတို့၏ရှေ့တွင် မတူညီသော ပုံသုံးပုံကို နေရာချလိုက်၏။

ကျင်းယွင်ကျောင်း၏ ရှေ့ရှိပုံမှာ အသက်လေးဆယ်ကျော်ခန့်ရှိသည့် အမျိုးသမီးတစ်ယောက် ဖြစ်သည်။ သူမ၏ မျက်နှာပေါ်တွင် အရေးအကြောင်းများစွာ ရှိနေပြီး သူမ၏ မျက်လုံးများထဲတွင် ရှားရှားပါးပါး အသက်မဲ့နေ၏။ ဆေးပညာရှုထောင့်ကနေ သူမကို အကဲဖြတ်ရမည်ဆိုပါက......

ကျင်းယွင်ကျောင်း မျက်မှောင်ကြုတ်လိုက်သည်။ သူမ၏ စိတ်ထဲရှိ သူမ စုပ်ယူပြီးသား အကြောင်းအရာများမှာ မျက်နှာပေါ်တွင် အလိုအလျောက်ပေါ်နေပြီးဖြစ်၏။ သူမက ပြန်မမေးတော့ဘဲ ပြောလိုက်သည်။

"ဒီအသက်ကြီးကြီး အမျိုးသမီးရဲ့မျက်ဝန်းတွေက အသက်မဲ့နေပြီးတော့ သူ့ရဲ့မျက်ဆန်အိမ်တွေက ဝါဖန့်ဖန့်ဖြစ်နေတယ်။ အဝါရောင်ရှိတဲ့ တစ်ခုခုက သူရဲ့မျက်ဆန်အိမ်တွေကို အလိုအလျောက် ဖုံးအုပ်နေသလိုမျိုးပဲ။ သည်းခြေအချဥ်ပေါက်တဲ့ရောဂါ ဒါမှမဟုတ် သည်းခြေရည်ခန်းခြောက်တာ ဖြစ်နိုင်ပါတယ်။ ဒါကို များသောအားဖြင့် နာတာရှည် အသည်းရောင် အသားဝါရောဂါ၊ သည်းခြေအိတ်ကျောက်တည်တာ၊ သည်းခြေလမ်းကြောင်း ရောင်ရမ်းတာ၊ ဗေလုံးတွေ၊ သန်ကောင်ရောဂါတွေနဲ့ ရောင်ရမ်းတဲ့ရောဂါတွေမှာ အတွေ့များပါတယ်။ ဒါပေမယ့် နိဂုံးချုပ်ထင်မြင်ချက်ပေးရရင် ပုံတစ်ပုံကို အခြေခံပြီး ပြောဖို့က ပိုပြီး ခက်ခဲတယ်"

အတိတ်၌ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now