Chapter 45

3.2K 314 0
                                    

ဒါလေး GP 4 ရောက်နေပါပြီရှင့်

Chapter 45 : အပြစ်ပုံချခြင်း

သာ့ပြောင်ကော၏ အသံထွက်လာသောအခါ အခြားဝမ်းကွဲနှစ်ယောက်သာမက လုကျားသည်ပင် သူ့ကိုကြည့်၍ မယုံနိုင်ဖြစ်သွားရသည်။

သို့ရာတွင် သာ့ပြောင်ကောသည် မကောင်းဆိုးဝါးပူးကပ်နေသကဲ့သို့ လုကျားအား စူးရဲစွာ ကြည့်လာ၏။

"ငါတို့သာ ဒီနေ့ နင့်အတွက် လက်စားချေဖို့ မကြိုးစားခဲ့ရင် ဒီကိစ္စတွေလည်း ဖြစ်လာမှာ မဟုတ်ဘူး"

လုကျား၏ မျက်လုံးများက နီရဲနေပြီး အလွန်အမင်း မှားယွင်းနေသကဲ့သို့ ခံစားနေရသည်။

သို့သော် သူမ ထိုအကြောင်းကို တွေးကြည့်သောအခါ သာ့ပြောင်ကော မှန်၏။ စန်းပြောင်ကော ဤသို့ဖြစ်သွားပြီး သူမ အိမ်ပြန်သွားလျှင် တတိယအဒေါ်က သူမအား အလွတ်ပေးမည်မဟုတ်ချေ။ ထို့အပြင် သာ့ပြောင်ကောသည် ပါဝင်ခဲ့မှုကြောင့် အပြစ်ဒဏ်ခံရလျှင် အကြီးဆုံးအဒေါ်သည်လည်း ဒေါသထွက်လိမ့်မည်။ သူမ၏ မိဘများသည်လည်း ယခင်တစ်ခေါက်ကတည်းက သူမအား အတော်လေး စိတ်ပျက်ဒေါသထွက်ခဲ့ပြီးဖြစ်၏။

ဤအခြေအနေများအရ သူမသည် ကျင်းယွင်ကျောင်းအပေါ် အပြစ်ပုံချရန်သာ တတ်နိုင်သည်။ ၎င်းသည်သာ သူမ၏ သာ့ပြောင်ကောကို ကယ်တင်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်၏။

ထိုအခါ သူမ၏ တတိယအဒေါ်၏ ဒေါသသည် ကျင်းယွင်ကျောင်းအပေါ်သို့ ကျရောက်သွားပေလိမ့်မည်။ သူမသည်လည်း လူတိုင်း၏ ပြစ်တင်ရှုံ့ချခြင်းမှ လွတ်မြောက်နိုင်လိမ့်မည်။

သူမသည် သူမ၏ အတွင်းစိတ်ထဲရှိ မကောင်းဆိုးဝါးစိတ်၏ သွေးဆောင်ခြင်းကို ခံနေရပြီဖြစ်သည်။ သွေးအိုင်ထဲတွင် လဲနေသော စန်းပြောင်ကောကို ကြည့်ပြီးနောက် ကျင်းယွင်ကျောင်း၏  အေးစက်စက် အမူအယာကို ကြည့်မိသောအခါ လုကျား၏ မုန်းတီးမှုက နက်ရှိုင်းလာ၏။

အကယ်၍ ကျင်းယွင်ကျောင်းကြောင့်သာ မဟုတ်ပါက သူတို့သည်လည်း ဘာမှဖြစ်မည် မဟုတ်ပေ။

"သာ့ပြောင်ကော၊ ရဲ ခေါ်လိုက်တော့၊ ကျင်းယွင်ကျောင်းကို ထွက်မပြေးစေနဲ့"

အတိတ်၌ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now