Chapter 103

1.9K 175 0
                                    

Chapter 103 : မရိုးသားသော ဆွေမျိုးများ

ကျင်းယွင်ကျောင်းသည် အပြစ်ရှိစိတ်မကင်းသော အားနာနေသည့် အမူအယာဖြင့် ရှိနေ၏။ ကန်ကျင်းချန်သည် ပါးစပ်ဖွင့်လိုက်သော်လည်း ဘာစကားမှ ထွက်မလာချေ။ ယနေ့ ညစာစားချိန်၌ သူ မသက်မသာခံစားနေရသည်မှာ မဆန်းတော့ပေ။ ကျင်းယွင်ကျောင်းသည် ယနေ့ည ညစာစားချိန်၌ လွန်စွာ မတုန်မလှုပ်ဖြစ်နေခြင်းမှာ အမှန်တကယ်ပင် သူမ၏ စိတ်ထဲတွင် သူတို့အား အခြေအနေကို ဖုံးကွယ်ထားရခြင်းကြောင့် ဖြစ်သည်။

သူသည် ထိုမျှလောက်သော ကိစ္စသေးသေးမွှားမွှားလေးကြောင့် သူမအား ဒေါသထွက်နေခြင်း လုံးဝမဟုတ်ဘဲ သူမ၏ ခံနိုင်ရည်စွမ်း အနည်းငယ်ကြီးလွန်းသည်ကိုသာ အံသြနေခြင်းဖြစ်၏။

ထောင်ချောက်ဆင်သော အခြေအနေအား အလွယ်တကူပြုလုပ်နိုင်ခဲ့သော်လည်း တစ်ဖက်လူမှာ လမ်းသရဲအုပ်စု၏ ခေါင်းဆောင် တစ်ယောက်ဖြစ်သည်။ သူ ပတ်သတ်လိုသူ (သွားရှုပ်ချင်သောသူ) မဟုတ်သည်ကတော့ အသေအချာပင်။

သူမ၏ အကြံဥာဏ် မဆိုးသည်ကသာ တစ်ခုတည်းသော အခွင့်အရေးဖြစ်သည်။ အာဏာပိုင်များ ပါဝင်ပတ်သတ်ခြင်းဖြင့် သူတို့၏ လုံခြုံရေးက စိတ်ချသေချာလိမ့်မည်။ ထိုနည်းလမ်းဖြင့် သူတို့သည် သူတို့၏ အနာဂတ်ကို လုံခြုံစိတ်ချစေနိုင်၍ လမ်းသရဲများ သူတို့၏ အိမ်ကို ဖောက်ထွင်းဝင်ရောက်၍ သူတို့အား လုယက်မည်အား အမြဲသတိရှိနေရမည့်အရေးကိုလည်း ရှောင်ရှားနိုင်မည်ဖြစ်သည်။

ကန်ကျင်းချန်နှင့် စူးချူ နှစ်ဦးစလုံးသည် ကျင်းယွင်ကျောင်း၏ အကြံဥာဏ်ကိုသာ လိုက်နာရ၍ တိုက်ခန်းအိမ်ရာမှ ထွက်လာကာ အိမ်ရာကို ပတ်၍ လမ်းလျှောက်လာပြီး လမ်းကြားလေးကို ဖြတ်ပြီး  ချောင်ဟုန်ယဲ့၏ နောက်သို့ ရောက်လာကြ၏။

ချောင်ဟုန်ယဲ့၏ ပတ်ဝန်းကျင်အား စိုးရိမ်တကြီးဖြစ်နေသော အမူအယာကို မြင်ရခြင်းက စူးချူနှင့်  ကန်ကျင်းချန်အား ကျင်းယွင်ကျောင်း၏ စကားများကို ပို၍ပင် ယုံကြည်လာစေသည်။ သူတို့၏ နှလုံးသားက အေးစက်သွားပြီး ဒေါသများ ရုတ်ချည်း တိုးပွားလာကြ၏။ သူတို့ ထိတွေ့ဆက်ဆံခဲ့သော ကမ္ဘာလောကကြီးသည် ပို၍ စစ်မှန်သည်။ သူတို့သည် ဤကဲ့သို့ အခြားလူများ၏ ပစ္စည်းများကို ခိုးယူရန် လမ်းသရဲတစ်ယောက်နှင့် ပူးပေါင်းတတ်သည့် အကြံအစည်များ ပြည့်နေသောသူကို တစ်ခါမှ မမြင်ဖူးချေ။

အတိတ်၌ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now