Chapter 36

3.5K 380 3
                                    

Chapter 36 : ချမ်းသာသည့် နိမိတ်မကောင်းသော မုဆိုးမ

ကျင်းယွင်ကျောင်း၏ ခြိမ်းခြောက်သံကြောင့် တစ်ခန်းလုံး တိတ်ဆိတ်သွားကြ၏။ အချို့က မျက်မှောင်ကြုတ်နေကြ၍ အချို့က ထိတ်လန့်နေကြ၏၊ သို့သော် လူတိုင်း၏ အမူအယာများက ယခင်ကထက် ပို၍ ပြင်းထန်နေကြသည်။

ဘုတ် ...

ကျင်းယွင်ကျောင်း၏ အနောက်ရှိ စာရေးခုံပေါ်သို့ စာအုပ်တစ်အုပ်ပြုတ်ကျသောအသံ ရုတ်တရက် ထွက်ပေါ်လာ၏။

"ပြောသွားတာ ကောင်းတယ်၊ ကျန်ရှ နင်က တော်တော်အားနေတယ်ထင်တယ်။ နင် ဘာလို့ သူများကိစ္စကို ဝင်လျှာရှည်ဖို့ ကြိုးစားနေတာလဲ။ ငါ ဘာမှမကြားလိုက်ဘူးလို့ နင် ထင်မနေနဲ့။ ဘုရားလောင်း ကွမ်ရင်မယ်တော်ပုံစံဖမ်းပြီး နင်က လှည့်ဖြားဖို့ကြိုးစားနေရအောင် နင်က ဘယ်သူမို့လို့လဲ။ ကျင်းယွင်ကျောင်း အိမ်ကိုပြန်ပြန်၊ မပြန်ပြန် နင်နဲ့ဆိုင်လို့လား။ နင် ဒီစကားတွေကို ကျင်းယွင်ကျောင်းကို ပြောမိလို့သာ ကံကောင်းသွားတယ်မှတ်။ ငါ့ကိုသာ လာပြောရင် ငါက နင်နဲ့ အကျိုးသင့်၊ အကြောင်းသင့် ပြန်ပြောနေမှာ မဟုတ်ဘူး။ ငါ နင့်ကို ဘီခန်းထဲထိရောက်သွားအောင် ရိုက်ပစ်နိုင်တယ်ဆိုတာ နင်ယုံလား။"

(T/N :ကွမ်ရင်မယ်တော်က ဘုရားလောင်းတစ်ပါးဖြစ်ပြီးတော့ ကရုဏာတရား၊ မေတ္တာတရား၊ မုဒိတာတရားတို့ကို ကိုယ်စားပြုပါတယ်။ ကွမ်ရင်ပုံဖမ်းတယ်ဆိုတာ သူတော်ကောင်း ယောင်ဆောင်တယ်လို့ ပြောချင်တာပါ)

ကျင်းယွင်ကျောင်းက အနည်းငယ် အံ့သြသွားပြီး ခေါင်းလှည့်ကြည့်လိုက်သည်။ ထိုမိန်းကလေးအား ကြည့်လိုက်ပြီးနောက် ကျင်းယွင်ကျောင်း သူမအား သြဘာပေးချင်စိတ် ပေါက်သွား၏။

ရှောင်ဟိုင်ချင်း ...

အတိတ်ဘဝ ထောင်ထဲတွင် နေခဲ့ရစဥ်က ကျင်းယွင်ကျောင်းသည် သူမ၏ ကြီးကျယ်သော အောင်မြင်မှုများစွာကို ကြားသိခဲ့ရသည်။

လက်ရှိ ရှောင်ဟိုင်ချင်းသည် ကာယဌာန၏ ကိုယ်စားပြုဖြစ်၏။ သူမ၏ကိုယ်ရည်ကိုယ်သွေးမှာ မြင့်မားလှ၍ ကိုယ့်ကိုကိုယ် ယုံကြည်မှုလည်း ရှိသည်။ သူမသည် ကြံ့ခိုင်သန်မာသော အမျိုးသမီးတစ်ယောက်ဖြစ်၍ စူးချူနှင့် နှိုင်းယှဥ်ပါက လုံးဝ ကွဲပြားသော ပုံပန်းသွင်ပြင်ရှိ၏။

အတိတ်၌ ပြန်လည်မွေးဖွားခြင်းHikayelerin yaşadığı yer. Şimdi keşfedin