Chapter 10

3.8K 393 1
                                    

Chapter 10 :  ဒါ ဘယ်သူလုပ်ခဲ့တာလဲ

ချောင်ဝေ့မင်သည် ကျင်းယွင်ကျောင်းကို ရိုက်လိုက်စဥ်က အားအများကြီးသုံးခဲ့သည်။ အကယ်၍ သူမသည် ငယ်စဥ်ကတည်းက ဤမျှပြင်းသော အားနှင့် တစ်ခါမှ အရိုက်မခံဖူးခဲ့ပါက ခံနိုင်ရည်ရှိမည်မဟုတ်ပေ။ လွန်ခဲ့သော နှစ်ရက်အတွင်း သူမ၏ပါးပေါ်ရှိ ဒဏ်ရာကို ဘာမှမလုပ်ခဲ့သည့် အကြောင်းရင်းမှာ ဆရာမအား ထိုဒဏ်ရာကို ထင်ထင်ရှားရှား မြင်စေချင်၍ ဖြစ်၏။

နေရာလွတ်နယ်မြေထဲတွင်နေလျှင် နာကျင်မှုဒဏ် လျော့ပါးသွားသော်လည်း သူမ၏ဒဏ်ရာကတော့ အခြေအနေမပြောင်းလဲဘဲ ကျန်နေခဲ့၏။ ထို့ကြောင့် ၎င်းကို ထင်ထင်ရှားရှားမြင်နေရခြင်းပင်။

"ဆရာမ သောကြာနေ့တုန်းက လမ်းသရဲတစ်စုက ကျွန်မကို ဟန့်တားခဲ့ကြပါတယ်။ သူတို့က ကျွန်မကို ဝိုင်းထားပြီး ဆက်သွားခွင့်မပြုခဲ့ဘူး။ သူတို့က ရည်ရွယ်ချက်ရှိရှိပဲ ကျွန်မနဲ့ ရင်းနှီးချင်ယောင်ဆောင်ခဲ့ကြပါတယ်။ ပြီးတော့ ကျွန်မကို လမ်းကြားတစ်ခုထဲ ဆွဲခေါ်သွားပါတယ်။ တကယ်လို့ အဲဒီနေရာကို ရဲတစ်ယောက်သာ ဖြတ်မသွားခဲ့ရင် ကျွန်မ ဘာဖြစ်သွားမယ်ဆိုတာ မသိတော့ပါဘူး။ ဒါပေမယ့် သူတို့ရဲ့ပစ်မှတ်ဖြစ်သွားရတာ ကျွန်မက ကံဆိုးလို့ လို့ပဲမှတ်ပါတယ်။ အဲဒီလမ်းသရဲတွေကလွဲရင် ဘယ်သူ့ကိုမှ အပြစ်မတင်ပါဘူး။ ဒါပေမယ့် ဘယ်သူက ကျွန်မအကြောင်း ကောလဟာလတွေ ဖြန့်ထားမှန်း မသိဘူး၊ ကျွန်မက သူတို့နဲ့အိပ်ခဲ့တယ်ဆိုပြီး ပြောနေကြတာ။"

"မင်းကို ရိုက်တာ သူတို့တွေလား။"

ဆရာမကျင်က မျက်မှောင်ကြုတ်၍ မေးလာသည်။

သူမ၏ဒဏ်ရာမှာ သေးပုံမပေါ်ပေ။ နှစ်ရက်သုံးရက်ခန့် ကြာသွားပြီဖြစ်သော်လည်း ဒဏ်ရာက နီရဲကာ ယောင်ယမ်းနေဆဲဖြစ်ပြီး ပွန်းပဲ့ထားသည့်
လက္ခဏာများပါ ရှိနေသည်။ ၎င်းရိုက်ချက်တွင် ထည့်ထားသော အားမှာ မသေးကြောင်း ပြောနိုင်၏။

"မဟုတ်ပါဘူး...အဲဒီလူတွေက ကျွန်မကို ခြောက်လှန့်ဖို့ပဲ ကြိုစားခဲ့ကြတာရယ်၊ အဲဒီနောက် ကျွန်မ သတိလစ်သွားခဲ့တာ၊ ဒီဒဏ်ရာက..."

အတိတ်၌ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now