Chapter 20

3.8K 395 1
                                    

Chapter 20 : သူမ၏နာမည်ကို ရှင်းလင်းခြင်း

ထိုကျောင်းသားများသည် ကျင်းယွင်ကျောင်း၏ အကြည့်အောက်တွင် ကြက်သီးမွေးညင်းများပင် ထလာရာ သူတို့၏သူငယ်ချင်းကို ဆွဲ၍ အမြန်ပင် ထွက်သွားကြတော့သည်။ လက်ရှိအခြေအနေ၌ ကျင်းယွင်ကျောင်းသည် တစ်စုံတစ်ခုကြောင့် ရုတ်တရက် စိတ်လွတ်သွားပြီး ကြောက်စရာတစ်ခုခုအား လုပ်လိုက်မည်ကို ထိတ်လန့်ကြောက်ရွံ့နေကြ၏။

ကျင်းယွင်ကျောင်းက အံတင်းတင်းကြိတ်ထားသည်။ အတိတ်ဘဝတုန်းက သူမသည် ထိုကောလဟာလများကို သိပ်ဂရုမစိုက်ခဲ့ပေ။ ထို့ကြောင့်လည်း အဆုံးသတ်၌ သူမသည် လူအများ၏အထင်လွဲခြင်းကို ခံခဲ့ရသည်။

ချောင်ဝေ့မင်၏ ရွံရှာဖွယ်ကောင်းသော မျက်နှာကို တွေးမိလိုက်သောအခါ သူမသည် ဤနေရာတွင် ကြာကြာရပ်မနေနိုင်တော့ဘဲ ရုံးခန်းသို့ အလောတကြီးပြေးသွားခဲ့၏။

သူမ ရုံးခန်းအပေါက်ဝသို့ မရောက်မီမှာပင် ချောင်ဝေ့မင်၏ အထက်စီးဆန်ဆန် ဒေါသတကြီး အော်ဟစ်ကြိမ်းမောင်းသံကို ကြားလိုက်ရသည်။

"ခင်ဗျားတို့ ဆရာဆရာမတွေအားလုံးက တခြားသူတွေကို အကျင့်သီလကောင်းတဲ့ စံပြပုဂ္ဂိုလ်တွေလိုလို ပြောနေကြပေမယ့် ကျုပ်ကတော့ ခင်ဗျားတို့အားလုံးက လူလိမ်တွေချည်းပဲလို့ ပြောလိုက်မယ်။ အဲလိုသာမဟုတ်ရင် ကျင်းယွင်ကျောင်းက လမ်းသရဲတွေနဲ့ပတ်သက်မှာ မဟုတ်ဘူး။ အခုတော့ အံသြစရာမကောင်းဘူးလား။ သူက သူ့ရဲ့ဖြူစင်မှုကို ဆုံးရှုံးသွားပြီ။ ဘယ်သူက ဒီဆုံးရှုံးမှုအတွက် တာဝန်ယူမှာလဲ။ အဲဒီအမိုက်မက စဥ်းစားဥာဏ်မရှိဘူး၊ ဒါပေမယ့် ခင်ဗျားတို့ကလည်း ထူးပြီး ကောင်းမနေဘူးလို့ ကျုပ်ထင်တယ်။"

"ကျုပ် ဂရုမစိုက်ဘူး။ ကျုပ် သူ့ကို ဒီနေ့ အိမ်ပြန်ခေါ်သွားမယ်။ ဒီနေ့ကစပြီး သူ့ကို ဒီစောက်..ကျောင်းဆိုတဲ့နေရာကို ခြေတစ်လှမ်းတောင် လှမ်းခွင့်မပြုနိုင်ဘူး။ သူ့မှာ ကိုယ်ဝန်မရှိသေးတာကိုက ကံကောင်းတယ်လို့ပြောရမယ်။ မဟုတ်လို့ကတော့ ကျုပ် ခင်ဗျားတို့ အားလုံးကို တရားစွဲပြီးနေပြီ။"

အတိတ်၌ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now