အပိုင်း (၁) သစ္စာဖောက်

1.6K 111 1
                                    

ဖယ်ဒရယ်ထိပ်တန်းလျှို့ဝှက်အဆောက်အအုံ၏ ခေါင်းမိုးထပ်၌ လင်ယွဲ့သည် လက်ထဲတွင် လျှို့ဝှက်နံပါတ်သေတ္တာငယ်တစ်လုံးကို ပွေ့ထားရင်း ခေါင်မိုးအစွန်းအထိ ပြန်ဆုတ်လာခဲ့သည်။

သူမ၏ရှေ့တွင် လေဆာသေနတ်အခု သုံးဆယ်သည် သူမကို ချိန်ရွယ်ထားသည်။ ကျည်တစ်ခုဖြင့် ပစ်ခံလိုက်ရသည်နှင့် သူမ၏ခန္ဓာကိုယ်တစ်ရှူးသည် အချိန်မရွေး အရည်ပျော်သွားပြီး နေရာတွင်ပင် သေသွားပေလိမ့်မည်။

ကမ္ဘာပေါ်တွင် နံပါတ်တစ်လုပ်ကြံသူတစ်ယောက် အနေဖြင့် လင်ယွဲ့သည် ဤသို့သော သေရေး ရှင်ရေးအခြေအနေကို ရင်ဆိုင်ရသည်မှာ နေသားကျနေပြီးဖြစ်လေသည်။ လင်ယွဲ့သည် လုံးဝ ပျာယာခတ်မနေချေ။ သူမ၏မျက်လုံးများသည် နက်ရှိုင်းသည့် ရေကန်တစ်ခုနှယ်။ သူမသည် လက်မြောက်ဟန်ဆောင်လိုက်ကာ ပြောလိုက်သည်။

" ကျွန်မ အရှုံးပေးတယ်"

သူမ၏ရှေ့က ခေါင်းဆောင်ကို သတ်နိုင်သ၍ အဖွဲ့အစည်းက သူမကို လာခေါ်ပေးရန် လေယာဥ်တစ်စင်း လွှတ်ပေးပေလိမ့်မည်။ သူမသည် အောင်အောင်မြင်မြင် လွှတ်မြောက်နိုင်မှာဖြစ်ပြီး တာဝန်သည် အောင်မြင်ပေလိမ့်မည်။

" မင်းလက်ထဲက ထိပ်တန်းအချက်အလက်ကို ချက်ချင်းလွဲပေးလိုက်၊ ဒါဆိုရင်..."

မျှော်လင့်ထားသည့်အတိုင်းပင် လင်ယွဲ့၏အရှုံးပေးလိုက်သည့် ဟန်ဆောင်မှုသည် အလုပ်ဖြစ်သွား၏။ ခေါင်းဆောင်ထွက်လာ၏။ လင်ယွဲ့သည် မြန်မြန်ဆန်ဆန် လှုပ်ရှားလိုက်ပြီး သူမ၏လက်ဖဝါးထဲက နာနိုမီတာကျည်တစ်တောင့်ကို ပစ်လိုက်ကာ သူ့အသက်ကို ချက်ချင်း နှုတ်ယူလိုက်လေသည်။

ဝတ်စုံပြည့်နှင့်ပုံရိပ်တစ်ခု ဖြည်းညင်းစွာလဲကျသွားသည်ကို ကြည့်ရင်း လင်ယွဲ့၏နှုတ်ခမ်းများသည် မသိမသာကွေးတက်သွား၏။ အစီအစဥအရ သူမသည် အဖွဲ့အစည်းက ပြင်ဆင်ပေးထားတဲ့ လာကြိုမည့် ယာဥ်ပေါ်သို့ တက်သွားကာ မြန်မြန် ရှောင်တိမ်းနိုင်ပေသည်။ အဖွဲ့အစည်းအတွက် ဆယ်စုနှစ်အကြာ လုပ်ပေးခဲ့သည့် အလုပ်သည် ပြီးပြည့်စုံစွာ အဆုံးသတ်သွားပေလိမ့်မည်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now