အပိုင်း (၈၉)ခံစားချက်ပေါ်မူတည်ပြီး ခန့်မှန်းကြည့်ခြင်း

570 54 0
                                    

အပိုင်း (၈၉)ခံစားချက်ပေါ်မူတည်ပြီး ခန့်မှန်းကြည့်ခြင်း

"ဟုတ်တယ်"

ကျိုးရွှမ်းက အသာအယာခေါင်းညိတ်ပြလိုက်၏။ စခရင်ပေါ်က လက်ခလယ်ပုံကို ကြည့်ရင်း သူသည် မျက်လုံးများကို ကျဥ်းမြောင်းလိုက်ကာ အမှတ်တမဲ့ စားပွဲကို လက်ချောင်းများဖြင့် ခေါက်နေလေလိုက်သည်။

ဟယ်ရှန့်သည် အတန်ကြာအောင် ကြောင်အမ်းအမ်း ဖြစ်နေပြီးမှ သူ့ကို နင်းခြေရန် ဟက်ကာစကေးကို သုံးခဲ့သူမှာ ဟက်ကာအဆင့်သတ်မှတ်ချက်ပေါ်က နာမည်ကြီး ဇီးရိုးဖြစ်နေမှန်း လက်ခံလိုက်တော့သည်။ အခိုက်တန့်အတွင်း သူ့အသက်ရှူသံများက မြန်ဆန်သွားတော့သည်။

" မင်းတို့ပြောနေတဲ့ ဇီးရိုးဆိုတာ ဘယ်သူလဲ"

လင်ရှောင်းက သိလိုစိတ်ဖြင့် မေးလိုက်လေသည်။ ဒီဇီးရိုးလို့ခေါ်တဲ့ ဟက်ကာက သူတို့ရှာနေတဲ့ လျှို့ဝှက်တဲ့သူနဲ့များ ပတ်သက်နေတာလား။

ဟယ်ရှန့်က စိတ်လှုပ်ရှားစွာ ရှင်းပြလိုက်တော့သည်။

" ဇီးရိုးဆိုတာ ကမ္ဘာ့ဟက်ကာ အဆင့်သတ်မှတ်ချက်ပေါ်က နံပါတ်တစ် ဟက်ကာတစ်ယောက်ပါ၊ ဇီးရိုးတစ်ယောက်ထဲနဲ့တောင် သူက ဖယ်ဒရယ် အေဂျင်စီတစ်ခုလုံးကို ဟက်နိုင်တယ်လို့ ပြောကြတယ်၊ သူက ကျွန်တော့် အိုင်ဒေါလေ"

" ကမ္ဘာ့နံပါတ်တစ် ဟုတ်လား"

အသက်ကြီးရင့်ပြီး လောကကြီးအကြောင်း တွေ့ကြုံခဲ့ဖူးသည့် ကျန်းဟွမ်ကပင် ထိုဂုဏ်ပုဒ်ကြောင့် အလန့်တကြားဖြစ်သွားတော့သည်။

ဟယ်ရှန့်က ပြောလိုက်၏။

" ဟုတ်တယ်၊ ဒါပေမယ့် ဆရာကြီးတို့ရှာနေတဲ့ လျှို့ဝှက်တဲ့ပုဂ္ဂိုလ်ရဲ့ဘေးမှာ ဒီလိုကြောက်စရာကောင်းတဲ့ အကောင်ကြီးကြီးတစ်ယောက် ရှိနေတယ်ဆိုတော့ ဒီလျှို့ဝှက်ပုဂ္ဂိုလ်ရဲ့ သရုပ်မှန်ကလည်း ထူးခြားမှာသေချာတယ်၊ သူ ဆရာကြီးတို့ရဲ့ဖိတ်ကြားတာကို ငြင်းလိုက်တာ မဆန်းတော့ဘူး၊ သူက သူ့သရုပ်မှန်ပေါ်သွားမှာ ကြောက်နေတဲ့ပုံပဲ"

သူတို့ရှာနေသည့် လျှို့ဝှက်ပုဂ္ဂိုလ်ဘေးတွင် ကမ္ဘာ့နံပါတ်တစ်ဟက်ကာတစ်ယောက် ရှိနေသည့်ဟု ကြားလိုက်ရတော့ သည်ပုဂ္ဂိုလ်ကိုရှာနိုင်မည့် အခွင့်အရေးမှာ ပိုနည်းသွားတော့သည်။ လင်ရှောင်းနှင့် ကျန်းဟွမ်တို့က နှမြောတသစွာနှင့် သက်ပြင်းချလိုက်တော့သည်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now