အပိုင်း (၃၄) ကောင်းတဲ့ရည်ရွယ်ချက်နဲ့ မကောင်းတာလုပ်မိတယ်

856 95 0
                                    

" ရှန်ချန် သွားစို့၊ မျက်နှာချင်းဆိုင်က ဆိုင်ကို ဝင်ကြည့်ရအောင်"

ရှန်ယွဲ့သည် အမျိုးသား အရောင်းဝန်ထမ်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ့မျက်နှာမှာ ချက်ချင်း နီရဲသွားသည်ကို တွေ့လိုက်ရတော့သည်။

Brandဆိုင်၏ မျက်နှာချင်းဆိုင်တွင် မောင်နှမနှစ်ယောက်သည် အလွန်နွေးထွေးသည့် ကြိုဆိုမှုကို လက်ခံရလေသည်။ ဆိုင်ဝန်ထမ်းက သူတို့၏အသွင်အပြင်ကို လုံးဝ အထင်သေးဟန် မပြချေ။ သူမသည် ကျွမ်းကျင်သည့် အကြံဉာဏ်များပေးကာ သူတို့နှင့် လိုက်ဖက်မည့်အဝတ်အစားကို ပြပေးလေသည်။

ရှန်ယွဲ့သည် စိတ်ကြည်လင်နေသဖြင့် ရှန်ချန်အတွက် အဝတ်အစားလေးစုံ၊ သူမအတွက် လေးစုံ ဝယ်လိုက်၏။ စုစုပေါင်း ကုန်ကျငွေမှာ ယွမ်၁သိန်း ကျော်သည်။ သူမသည် ရှန်ချန်ကို အဝတ်စားအသစ် ချက်ချင်းလဲခိုင်း လိုက်တော့သည်။

မောင်နှမနှစ်ယောက်သည် လက်ထဲတွင် စျေးဝယ်အိတ်အပြည့်ဖြင့် ထွက်လာချိန်၌ အမျိုးသားအရောင်းဝန်ထမ်းသည် တံခါးတွင်ရပ်ကာ သူတို့ကို စိုက်ကြည့်နေ၏။ သူ့မျက်နှာထားမှာ အလွန်အကြည်းတန် နေတော့သည်။

ရှန်ယွဲ့သည် သူမလက်ထဲက စျေးဝယ်အိတ်ကို အမျိုးသားအရောင်းဝန်ထမ်းဖက်သို့ တမင်မြောက်ကာ ကြွားလိုက်လေသည်။ သူမ၏မျက်လုံးများတွင် လှောင်ပြောင်သရော်ဟန် ပြည့်နေ၏။ အမျိုးသားအရောင်းဝန်ထမ်း၏အမူအရာမှာ ပို၍ပင် ရုပ်ဆိုးလာတော့သည်။ ထိုအကြည့်ထဲတွင် ရှန်ယွဲ့ကို အရှင်လတ်လတ် အရည်ခွံခွာချင်နေသည့် အရိပ်ပါနေတော့သည်။

" ချမ်းသာတာ ကောင်းလိုက်တာ" ရှန်ချန်သည် အဝတ်အစားသစ်ကို ဝတ်လိုက်ပြီးနောက် သူ့ကျောပြင်မှာ မတ်သွားသည်ကို ခံစားလိုက်ရတော့သည်။ သူတို့မောင်နှမကို စော်ကားခဲ့သည့် အမျိုးသားအရောင်းဝန်ထမ်း၏ အကြည်းတန်လှသည့် အမူအရာကို မြင်လိုက်ပြီးနောက် ရှန်ချန်သည် စိတ်အေးသွားကာ ရှန်ယွဲ့ကို စိတ်ထဲရှိသည့်အတိုင်း ပြောလိုက်လေသည်။

" ဟုတ်တာပေါ့၊ ဒါကြောင့် အလုပ်ကြိုးစားရမယ်လို့၊ နင့်မှာ အင်အားရှိလာရင် တစ်လောကလုံးက နင့်အလိုကို ဖြည့်ပေးမယ်ဆိုတာ သိလာလိမ့်မယ်" ရှန်ယွဲ့ ရေရွတ်လိုက်လေသည်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now