အပိုင်း (၄၉) ခက်ခဲတဲ့ဘဝမှာ နေချင်တယ်တဲ့

781 72 0
                                    

"ခင်များနဲ့ ဥက္ကဋ္ဌကျိုး ဒီလိုနေရာသေးသေးလေးအထိ လာစရာမလိုပါဘူးဗျာ ကျွန်တော့်တာဝန်သာ ထားလိုက်ပါ"

"ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ စိတ်မပူပါနဲ့ ကျွန်တော် သေချာစောင့်ရှောက်လိုက်ပါမယ်"

" ကောင်းပါပြီ ကောင်းပါပြီ၊ ဒါဆို ဆက်လုပ်လိုက်ပါအုံး၊ ကျေးဇူးပြုပြီး ဥက္ကဋ္ဌကျိုးကို သတိရကြောင်း ပြောပေးပါဗျာ ကျေးဇူးတင်ပါတယ်"

Sမြို့တော်ဝန် ဟန်လင်းသည် ဖုန်းတစ်ဖက်တွင် ကျိုးရွှမ်း၏လက်ထောက်ကို တလေးတစားဖြင့် စကားပြောနေသည်။ မကြာခဏဆိုသလို ဦးညွတ်လိုက် မြောက်ပင့်လိုက်နှင့် တစ်ခုခုအမှားလုပ်မိသွားကာ အရာရှိမင်းကို စိတ်ကွက်အောင်လုပ်မိမှာ စိုးနေတော့သည်။

ဖုန်းပြောပြီးနောက် ဟန်လင်းသည် သက်ပြင်းချလိုက်လေသည်။ အလွန်စိတ်လှုပ်ရှားသွားခြင်းကြောင့် နဖူးပေါ်က ချွေးများကို သုတ်လိုက်ပြီး ကိုယ်ကို မတ်လိုက်လေသည်။

လွန်ခဲ့သည့်ဆယ်မိနစ်က ဖယ်ဒရယ်၏နံပါတ်တစ် ဘဏ္ဍာရေးအုပ်စု ဥက္ကဋ္ဌ ကျိုးရွှမ်း၏လက်ထောက်က သူ့ကိုဖုန်းခေါ်လာပြီး ဘွင်းဘွင်းကြီးပြောခဲ့လေသည်။ ရှန်မျိုးရိုးအမည်ရှိ မိသားစုတစ်ခုကို အထူးစောင့်ရှောက်ပေးစေချင်သည်တဲ့။ ဥက္ကဋ္ဌကျိူးအတွက် အလုပ်လုပ်ပေးရသဖြင့် အကျိုးကျေးဇူးများ ရလိမ့်မည်ဟုပင် တဖက်လူက ပြောခဲ့သေးသည်။

ဟန်လင်းသည် အရင်ကတည်းက ကျိူးမိသားစုအား မျက်နှာလိုမျက်နှာရ လုပ်ချင်ခဲ့သော်လည်း ဒါသည် ကျိုးရွှမ်းနှင့်ရင်းနှီးသည့် တစ်စုံတစ်ယောက်နှင့် ပထမဆုံး စကားပြောဖူးချင်းပင်။ သူသည် ကြောက်လွန်းလှသဖြင့် မြန်မြန် သဘောတူလိုက်တော့သည်။

သူ့အတွက်တော့ သည်ကိစ္စသည် ကောင်းကင်မှကျလာသည့် ရွှေပဲစေ့ကြီးတစ်ခုလိုပင်။ သူ့ကို မူးနောက်သွားသည်အထိ ဖိချေလိုက်တော့သည်။ အနာဂတ်တွင် အရာရှိမင်းတစ်ယောက်အဖြစ် ရာထူးတိုးခံရကာ သာယာသည့်နေ့များကိုပင် စိတ်ကူးယဥ်မိတော့သည်။

သို့သော် ဖုန်းချလိုက်ပြီးနောက် ထိုကိစ္စကို သေသေချာချာ ပြန်စဥ်းစားလိုက်လေသည်။ Sမြို့တွင် ရှန်အမျိုးရိုးအမည်နှင့် အထူးလေ့ကျင့်ရေးအရာရှိ သို့မဟုတ် နာမည်ကျော်ပုဂ္ဂိုလ်တစ်ယောက်မှ ရှိဟန်မတူချေ။ သူသည် မြို့တော်ဝန်အဖြစ် ဆယ်နှစ်လောက်အလုပ်လုပ်လာသော်လည်း ရှန်မိသားစုအကြောင်း တစ်ခါမှ မကြားဖူးချေ။ အမှန်ပင် ထူးဆန်းလှပေသည်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now