အပိုင်း (၃) အမည်မသိပူပန်မှု

1K 93 0
                                    

ရှန်ယွဲ့သည် ရှန်ချန်ထွက်သွားသည်ကို ကြည့်ရင်း သူမ၏မျက်ခုံးများကို ပင့်ထားလိုက်သည်။ သူမ၏သည်မောင်လေးသည် သူမအပေါ် အမြဲတမ်း ဂရုမစိုက်နေတတ်သည်ကို သူမ ရှင်းရှင်းလင်းလင်း မှတ်မိနေသည်။ သို့သော် ရှန်ချန်၏ ပျော့ပြောင်းသည့်သတိပေးချက်တွင် စိုးရိမ်ပူပန်ရိပ်ပါနေသည်ဟု အဘယ်ကြောင့်ခံစားနေရပါသနည်း။

စိတ်ဝင်စားဖို့ကောင်းလိုက်တာ။

ရှန်ယွဲ့သည် သူမ၏မျက်လုံးထဲမှအပြုံးကို ဖုံးကွယ်ထားလိုက်ပြီး တံခါးပိတ်ကာ နောက်ကလိုက်သွား လိုက်လေသည်။

သည်နေ့သည် သောကြာနေ့ဖြစ်သည်။ ရှန်ယွဲ့ ဆေးရုံမှ ဆင်းလာသည်ဖြစ်သောကြောင့် ရှန်အန်းက ရှန်ယွဲ့၏ခန္ဓာကိုယ်အားဖြစ်စေရန် အထူးတလည် ကြက်တစ်ကောင်ဝယ်လာပြီး ကြက်သားစွပ်ပြုတ် လုပ်ပေးလေသည်။

သူမသည် ထမင်းစားခန်းသို့ လျှောက်လာသည့်တလမ်းလုံး အနံ့ရနေ၏။ ရှန်ယွဲ့ မထိုင်လိုက်ခင်မှာပင် မလိုမုန်းတီးသံတစ်ခုကို ကြားလိုက်ရ၏။

" အမ ငါ့အထင်တော့ နင် တော်တော်မြန်မြန်ကြီးကို ပြန်ကောင်းလာတာပဲ၊ ရေနစ်ပြီး သတိလစ်သွားတဲ့သူ လို့တောင် မထင်ရဘူး၊ ငါ ဒီနေ့ကျောင်းမှာကြားခဲ့တယ်၊ နင် ရေထဲကို တမင်ခုန်ချလိုက်တာဆို၊ အစတုန်းက ငါမယုံခဲ့မိဘူး"

ရှန်ယွဲ့သည် အသံလာသည့်ဘက်ကို ကြည့်လိုက်ရာ ရှန်ရှင်းက ကိုယ့်ဟာကိုယ် အထင်ကြီးနေသည့်အပြုံးတစ်ခုဖြင့် ပြဇာတ်ကောင်းတစ်ခုကို ကြည့်နေသည့်နှယ် သူမကို ကြည့်နေသည်ကို သိလိုက်ရလေသည်။ သူမသည် မျက်နှာမသာမယာဖြစ်နေသည့် ဆွန်းလင်ကို တစ်ချက်ခိုးကြည့်လိုက်ပြီး ဆွန်းလင်၏ဒေါသကို ဆွပေးဖို့ တမင်ကြိုးစားနေတော့သည်။ သူမသည် မီးကို လောင်စာထပ် ထည့်ကာ ပြောလိုက်၏။

" နင်က ရေကန်ထဲခုန်ချပြီး ကျောင်းရဲ့အိုင်ဒေါကို အကြပ်ကိုင်ခဲ့တာလား၊ သူက နင့်ဖွင့်ပြောတာကို လက်မခံခဲ့လို့လေ"

ရှန်ရှင်းသည် သူမကိုအရှက်ခွဲရန်နှင့် သူမကိုယ်သူမ အရှက်ရနေပုံကို ကြည့်ရန် မိသားစုဝင်အားလုံး ရှိသည့်အချိန်ကို တမင်ရွေးခဲ့ခြင်း ဖြစ်လေသည်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now