အပိုင်း (၂၁) ပိုက်ဆံမလောက်ခြင်း

859 76 0
                                    

ဘာသာပြန်သူ - Chihirolily

နောက်တွင်တန်းစီနေကြသူများသည် စောင့်ဆိုင်းနေကြဆဲ။ ငွေဖြတ်စက်မှာလည်း ' လက်ကျန်ငွေမလုံလောက်ပါ' ဟုဆက်တိုက်အသံ မြည်နေဆဲ။ ကန်တင်းမှအန်တီသည်လည်း သူမအား တိုက်တွန်းနေသော်ငြား ရှန်ယွဲ့သည် ငွေကို တစ်ကျပ်မှ ထုတ်မလာနိုင်ခဲ့ချေ။

ကမ္ဘာ့နံပါတ် ၁ လုပ်ကြံသူ လင်ယွဲ့သည် ၄.၆၀ယွမ်လောက်လေးအတွက်နှင့် အခက်တွေ့ရမည့်နေ့ အမှန်ပင် ရောက်ရှိလာတော့သည်။ ရှန်ယွဲ့ ထိုင်ငိုချင်သွားတော့၏။

အရင်က သူမသည် ငွေကို ရေလိုသုံးခဲ့ပြီး မစ်ရှင်နည်းနည်းလုပ်ရုံဖြင့် ငွေ သန်းဆယ်နှင့်ချီအောင် ရရှိခဲ့သည်။ ထို့ကြောင့် သူမသည် ငွေကို အလွန်ရှားပါးသည့်အရာဟု မမှတ်ခဲ့ချေ။ သည်အခိုက်တွင် ရှန်ယွဲ့သည် ဆင်းရဲခြင်းအဓိပ္ပါယ်ကို သဘောပေါက်သွားတော့သည်။

ငါ ငွေပိုရှာမှ ဖြစ်တော့မယ်။ မဟုတ်ရင် နေစဥ်ကုန်ကျစားရိတ်အတွက်တောင် တတ်နိုင်မှာမဟုတ်လောက်ဘူး။

ရှန်ယွဲ့ ဆုံးဖြတ်လိုက်၏။

" ဒီလိုဆိုတော့လည်း ဒီတစ်နပ်စာကို ပြန်ပေးလိုက်လို့ရတာပဲ...."

ရှန်ယွဲ့သည် သူမ၏ခေါင်းကို အောင့်သက်သက်နှင့် ကုတ်လိုက်လေသည်။

သူမသည် စားစရာပန်းကန်ကို ပြန်သွားထားရန် လှည့်ထွက်လိုက်သည်နှင့် သူမ၏မျက်လုံးများသည် ရင်းနှီးနေသည့် ပုံရိပ်တစ်ခုကို ရုတ်တရက် မြင်လိုက်ရတော့သည်။ သူမ မြန်မြန်အော်လိုက်တော့သည်။

" ရှန်ရှင်း ၊ ရှန်ရှင်း"

ရှန်ရှင်းက မူလပိုင်ရှင်ရဲ့အစားအသောက်ကတ်ထဲက ပိုက်ဆံအားလုံးကို သုံးပလိုက်တာဆိုတော့ ငါ ရှန်ရှင်းကို ပြန်ပေးခိုင်းရမယ်။

ရှန်ယွဲ့သည် အလွန်ရိုးရှင်းစွာ စဥ်းစားလိုက်လေသည်။

သို့သော် ရှန်ရှင်းသည် တစ်ချက်သာ လှည့်ကြည့်လိုက်၏။ ရှန်ယွဲ့မှန်းသိသွားသောအခါ သူမသည် အထင်သေးကာရွံရှာသည့်မျက်နှာထားတစ်ခု ချက်ချင်းဖြစ်သွားပြီး တစ်ယောက်ယောက်က သူမနှင့် ရှန်ယွဲ့တို့၏ပတ်သက်မှုကို သိသွားမည်စိုးနေသည့်နှယ်။ ရှန်ရှင်း မြန်မြန် ထွက်လာခဲ့လေသည်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now