အပိုင်း (၄၂) ယဲ့ရင်းကို ဆက်သွယ်ခြင်း

911 101 7
                                    

ဘာသာပြန်သူ - Chihiro Lily

သမုဒ္ဒရာ၏ တစ်ဖက်ခြမ်းရှိ ကြီးကျယ်ခမ်းနားလှသည့် အဆောက်အအုံတစ်ခု၏ အပေါ်ဆုံးထပ်တွင် မျက်လုံးများပြာပြာ ရွှေရောင်ဆံပင်နှင့် ယောက်ျားတစ်ယောက်သည် သူ့လက်မောင်းထဲတွင် ကိုယ်လုံးတီး အမျိုးသမီးမော်ဒယ်တစ်ယောက်ကို ဖက်ထားလေသည်။ သူသည် ညာဖက်လက်ဖြင့် ဝိုင်နီခွက်ကို ကိုင်ကာ ဖြည်းညင်းစွာလှုပ်ခါရင်း သူ့လက်မောင်းထဲက အမျိုးသမီးမော်ဒယ်၏ အယုအယကို ခံယူနေတော့သည်။ ထိုယောက်ျားက ဘာကိုမှ ဂရုမစိုက်ပေ။ ခေါင်းလေးကိုစောင်းကာ အဝေးတနေရာက လှပသည့်နေဝင်ချိန်ကို ကြည့်လိုက်လေသည်။ သူ့မျက်လုံးများသည် ဝမ်းနည်းနေပြီး ကိုယ့်ဟာကိုယ် တတွတ်တွတ် ရွတ်လိုက်လေသည်။

" လင်ယွဲ့ မင်းက ဒီလောက်အစွမ်းရှိတဲ့ လူတစ်ယောက်ပဲ၊ မင်း လုံးဝ သေသွားမှာမဟုတ်ဘူး.... မင်း အသက်ရှင်နေသေးရင် ကျေးဇူးပြုပြီး ငါ့ကို သတင်းလေးနည်းနည်းပါး ပို့ပါအုံးကွာ..."

သူ့အတိတ်က အမှတ်တရများကို ပြန်လည်တမ်းတရင်း ရွှေရောင်ဆံပင်နှင့် ယောက်ျားသည် ခါးသပ်သပ် ဝိုင်နီတစ်ငုံကို သောက်ကာ အထီးကျန်စွာ သက်ပြင်းချလိုက်သည်။ ရုတ်တရက်ဆိုသလို အခန်းထဲက အချိန်ကြာမြင့်စွာ တိတ်ဆိတ်နေသည့် ဆက်သွယ်ရေးပစ္စည်းက အသံမြည်လာသည်ကို စူးခနဲ ကြားလိုက်ရ၏။ အစပိုင်းတွင် လင်ယွဲ့ကို အလွန်သတိရမိသဖြင့် ထင်ယောင်ထင်မှားဖြစ်သွားသည်ဟု ထင်လိုက်သော်လည်း နောက်ထပ် အသိပေးချက်က သူ့ကို ထခုန်သွားစေတော့သည်။

"လင်ယွဲ့ မင်းပြန်လာပြီ"

ရွှေရောင်ဆံပင်နှင့် ယောက်ျားသည် ဂယောင်ချောက်ခြားဖြစ်ကာ အော်ဟစ်လေတော့သည်။ သူသည် ရယ်မောလိုက်ပြီး ခုန်လိုက်ကာ ဆက်သွယ်ရေးပစ္စည်းဆီ ခြေလှမ်းကျဲများဖြင့် လျှောက်သွားလိုက်ပြီးနောက် စခရင်ပေါ်တွင် တစ်ကြောင်းပြီးတစ်ကြောင်း ပေါ်လာသည့် စာများကို ကြည့်နေလိုက်သည်။

[လင်ယွဲ့ မင်းလား]

[မင်း မသေဘူးဆိုတာ ငါသိသားပဲ၊ အချိန်အကြာကြီး ပျောက်နေတော့ မင်းကို အရမ်းလွမ်းနေပြီ၊ မင်းကို လွမ်းလွန်းလို့ မအိပ်နိုင် မစားနိုင်ဖြစ်နေပြီ]

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now