အပိုင်း (၂၇) သူမကိုနာမည် ပျက်စေချင်တာတဲ့

898 95 0
                                    

ညနေကျောင်းဆင်းချိန်၌ ရှန်ယွဲ့သည် သူမ၏ဘဏ်ကတ်ထဲသို့ ယွမ်တစ်သန်းရောက်ကြောင်း စာလက်ခံခဲ့ရသည်။

ဖုန်းပြောပြီး စာပို့လို့သာရသည့် သူမ၏ ခေတ်မမီတော့သည့် ဖုန်းကို သိမ်းလိုက်ပြီး ရှန်ယွဲ့သည် မပျော်မရွှင်ဖြင့် ညည်းညူလိုက်တော့သည်။

" ကျိုးကော်ပိုရေးရှင်းရဲ့ သခင်လေးက ယွမ်တစ်သန်းပဲ တန်တာတဲ့လား"

ငါလေးထင်ထားတာက အနည်းဆုံးတော့ သိန်းတစ်ရာလောက် ဖြစ်မယ်ထင်ထားတာလဲ ဒါမှမဟုတ်လဲ သိန်း၅၀ပေါ့။ နောက်ဆုံးတော့ ဒီလောက်နည်းနည်းလေးပဲ ရလိမ့်မယ်လို့ ထင်တောင်မထင်ထားဘူး။ ဒီလောက် ကပ်စေးနဲတဲ့သူ တစ်ခါမှ မတွေ့ဖူးပါဘူး။

အရမ်းစိတ်ပျက်သွားပြီ။ ဒီလို ဖြစ်မယ်မှန်းသိရင် ကျိုးယန်ကို လုံခြုံတဲ့နေရာ ပို့ပေးဖို့ ဒီလောက်အားထုတ်ခဲ့မှာ မဟုတ်ဘူး ။ သူ့ဟာသူပဲ လွှတ်ထားလိုက်ပါတယ်။

ဒါပေမယ့် ဘယ်လိုပဲတွေးတွေးပါလေ ယွမ်တစ်သန်းတော့ တကယ် ရခဲ့တာပဲ။ အခုလိုအချိန် ငါလေးမှာ ပိုက်ဆံနည်းနည်းပဲ ရှိတာဆိုတော့ ငါလေး လုပ်ချင်တာ လုပ်ဖို့ အများကြီး ပိုလွယ်ကူသွားပြီ။

ရှန်ယွဲ့သည် လေပူတစ်ချက် မှုတ်ထုတ်လိုက်ပြီး ဘတ်စ်ကား စောင့်ရန် မှတ်တိုင်ဆီသို့ လျှောက်သွားလိုက်တော့သည်။

ညနေကျောင်းဆင်းချိန်၌ ပုံမှန်အတန်းမှ ခလေးများသည် စောစော ကျောင်းဆင်းရပြီး ထူးချွန်အတန်းမှ ခလေးများက နှစ်ချိန်ပိုတက်ရလေသည်။ ထို့ကြောင့် ရှန်ချန်သည် ရှန်ယွဲ့နှင့် အိမ်အတူမပြန်နိုင်တော့ချေ။ မှတ်တိုင်တွင် တစ်ယောက်ထဲ ဘတ်စ်ကားရပ်စောင့်နေသည့် ရှန်ယွဲ့၏ကျောဘက်မြင်ကွင်းသည် ရှင်းမပြတတ်အောင် အထီးကျန်မှုကို ခံစားရစေလေသည်။

သူမ၏နောက်က ပန်းခင်းထဲတွင် ချန်းမင်သည် လူရမ်းကားနှင့်တူသည့် အကြမ်းဖက်သူတစ်ချို့နှင့် ရပ်နေပြီး ရှန်ယွဲ့ကို အငြိုးနှင့် ကြည့်နေလေသည်။

ရှန်ယွဲ့သည် သူမကို အကြောက်လွန်ပြီး သေးထွက်အောင်လုပ်ခဲ့သည့်နေကစ၍ ထိုသတင်းသည် အကြောင်းကြောင်းကြောင့် တစ်ကျောင်းလုံးကို ပြန့်သွားတော့သည်။ အားလုံးက သူမကို ဟာသတစ်ခုလို ဆက်ဆံကြပြီး ယွီဟောက်သည်လည်း သူမကို မတွေ့ချင်တော့ပေ။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now