အပိုင်း (၁၄၀ + ၁၄၁)

339 32 0
                                    

အပိုင်း (၁၄၀) မူးပြီး လဲလျောင်းခြင်း

ယွီဟောက် စကားဆုံးသွားသည်နှင့် အားလုံးက ချက်ချင်း စိတ်လှုပ်ရှားသွားကြတော့သည်။ အကြောင်းမှာ ဆရာတစ်ယောက်မှ မရှိသည့်အတွက် လွတ်လွတ်လပ်လပ် ပိုပျော်နိုင်သောကြောင့်ပင်။

" ဝိုင်တစ်ဖာ နှစ်ဖာလောက်ပေးပါအုံး"

ကျောက်ရွေ့က တံခါးနားသို့ မြန်မြန်လျှောက်သွားလိုက်ကာ ဝိတ်တာကို အော်ပြောလိုက်လေသည်။ ထို့နောက် သူက သူ့အတန်းဖော်များကို လှည့်ကြည့်လိုက်လေသည်။

"အားလုံးပဲ ဒီနေ့ မင်းတို့ စိတ်ကြိုက်သာ သောက်ကြ၊ ဝိုင်ကို ငါဒကာခံမယ်"

အားလုံးက အလွန်ပျော်သွားကြတော့သည်။ နောက်ဆုံး သူတို့သည် စာလုပ်နေရသဖြင့် ပုံဆိုလျှင် သောက်လို့မရကြပေ။ ထို့အပြင် ဝိုင်ဝယ်ရသည်ကလည်း နည်းသည့်ကုန်ကျစားရိတ်မဟုတ်ပေ။

ကျောင်းက နာမည်ကြီးပုံရိပ်တစ်ခုအနေဖြင့် ယွီဟောက်က ဦးဆောင်လိုက်၏။ သူသည် သူ့ဝိုင်ခွက်ကို ကောက်ကိုင်လိုက်ကာ တစ်ယောက်ချင်း ခွက်ချင်းတိုက်လိုက်လေသည်။ ချက်ချင်းပင် အခန်းထဲက ကောင်လေးများကလည်း ယွီဟောက်လို လိုက်လုပ်ကြတော့သည်။

ရှန်ယွဲ့တစ်ယောက်သာ ထောင့်လေးတွင် ငြိမ်နေပြီး အစားအသောက်ကို နှုတ်ဆိတ်ကာ စားနေလေသည်။ သူမက ခွက်ချင်းတိုက်နေသည်ကို လျစ်လျူရှုထားလိုက်၏။

တဖက်တွင်တော့ သူမဘေးက ရှန်ရှင်းသည် ရေသောက်နေသလို တခွက်ပြီး တခွက် သောက်နေတော့သည်။ ထင်ထားသည့်အတိုင်းပင် ခဏအကြာ၌ သူမ၏ပါးပြင်က နီရဲလားပြီး မူးလာတော့သည်။

" ယွီဟောက် နင် မြို့တော်တက္ကသိုလ်ကို ဝင်နိုင်မှာလား" ချန်းမင်က ရုတ်တရက် ထမေးလိုက်၏။

အမှန်တွင်တော့ ချန်းမင် တင်မကပေ။ ကျောင်းသားတော်တော်များများကလည်း သည်ပြသနာကို စိတ်ပူနေကြသည်။ မြို့တော်တက္ကသိုလ်သည် ကျောင်းသားအားလုံး၏ အိပ်မက်ပင်။

"အမှန်အတိုင်းပြောရရင်တော့ ဒီတစ်ခါ မြို့တော်တက္ကသိုလ်ရဲ့ သတိထားခံရမယ်လို့ အရမ်းယုံကြည်ချက် ရှိနေတယ်၊ ငါ့ကိုယ်ပိုင်ခံစားချက်ဆိုပေမဲ့လေ" ယွီဟောက်က သူ့ခေါင်းကို ပွတ်လိုက်ကာ ရှက်ရှက်နှင့်ပြောလိုက်လေသည်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now