အပိုင်း (၇၇) ကျောင်းတော်ရဲ့မင်းသမီးလေးထပ်တောင်လှသေးတယ်

659 63 1
                                    

အပိုင်း (၇၇) ကျောင်းတော်ရဲ့မင်းသမီးလေးထပ်တောင်လှသေးတယ်

" လပတ်စာမေးပွဲမှာ တတိယနှစ်ကျောင်းသူ ရှန်ယွဲ့က ဆရာမလီရဲ့ မှားယွင်းအမှတ်ပေးခံရတာကြောင့် သုည ရခဲ့ပါတယ်၊ အဆင့်သတ်မှတ်ချက်အဖွဲ့ရဲ့ဆရာတွေက အဖြေလွှာကို ပြန်အကဲဖြတ်ပြီးနောက်မှာတော့ ဆရာတို့တွေက ရှန်ယွဲ့ရဲ့ ရလာဒ်အစစ်အမှန်က ၇၅၀အမှတ်ပြည့်ဖြစ်တယ်လို့ ဆုံးဖြတ်ခဲ့ကြတယ်၊ သူ့ရလာဒ်တွေက အမှန်အကန်ဖြစ်ပြီး တိကျပါတယ်၊ မသမာနည်းသုံးထားတာ လုံးဝမဟုတ်ပါဘူး"

ကျောင်းအုပ်ကြီး၏အသံသည် အသံလွှင့်ခန်းမှ လွှင့်ပျံနေဆဲဖြစ်သော်လည်း အခန်းတိုင်းက ကျောင်းသား ကျောင်းသူများက စိတ်လှုပ်ရှားနေနှင့်ပြီး ဖြစ်တော့သည်။

" ရှန်ယွဲ့က ၇၅၀ အမှတ်ပြည့်ရတယ် ဟုတ်လား၊ ငါ နားကြားများမှားသွားတာလား"

" အမြဲတမ်းအဆင့်နောက်ဆုံးမှာ ရောက်နေတဲ့ ရှန်ယွဲ့ကလား၊ တခြားနာမည်တူတစ်ယောက် မရှိတာ သေချာလား"

"ဒါဆို ဒီမနက်ငါကြားခဲ့တဲ့ သတင်းတွေအားလုံးက အမှန်တွေပေါ့၊ ရှန်ယွဲ့က အဖြေလွှာကို ကိုယ်တိုင်ဖြေခဲ့တာတဲ့၊ ကျောင်းအုပ်ကြီးကတောင် ကိုယ်တိုင်ထွက်ရှင်းပေးခဲ့တယ်"

ရှန်ယွဲ့၏အတန်းထဲတွင် ကျောင်းသား ကျောင်းသူအားလုံးသည် ထိတ်လန့်ခြင်း၊ လေးစားအားကျခြင်း၊ သိလိုစိတ်တို့ဖြင့် သူမကို လှည့်ကြည့်လိုက်ကြတော့သည်။

ရှန်ယွဲ့က အမှတ်ပြည့်ရနိုင်သည့်အချက်သည် အဖျက်သမားများက ကမ္ဘာကြီးကို ဖျက်ဆီးရန် နျူကလီးယာဗုံးတစ်ခု ကျဲမည်ဟု ကြေညာလိုက်သည်ထက် ပိုပြီး ထိတ်လန့်စရာကောင်းနေတော့သည်။ သူမသည် ဘာသာရပ်အားလုံးတွင် အမှတ်ပြည့်ရနိုင်ခဲ့သည်မှာ လုံးဝမယုံနိုင်စရာပင်။ ထို့အပြင် သည်လူသည် အရင်ကဘိတ်ချေးရခဲ့သည့်ကျောင်းသူ ရှန်ယွဲ့ဖြစ်နေသည်တဲ့။

သူမ၏အတန်းဖော်များသည် သူမကို မည်မျှပင် အကဲခတ်နေပါစေ ရှန်ယွဲ့ကတော့ သူမ၏ထိုင်ခုံတွင် ငြိမ်ငြိမ်သက်သက်ထိုင်နေဆဲ။ သူမသည် အာရုံစိုက်ခံရသည်ကို နေသားကျပြီး ဖြစ်နေတော့သည်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now