အပိုင်း (၃၁) ဆင်းရဲသားနှစ်ယောက်

856 91 0
                                    

ရှန်ယွဲ့သည် ခပ်တောင့်တောင့်ဖြစ်နေသည့် ရှန်ချန်ကို ဖုန်းဆိုင်ထဲမှ ဆွဲထုတ်လိုက်သည်အထိ အရောင်းစားရေးမလေးက နောက်မှနေ၍ စိတ်အားထက်သန်စွာ အော်ပြောလိုက်သေးသည်။

" အားပေးတဲ့အတွက် ကျေးဇူးတင်ပါရှင်၊ နောက်တစ်ခါလည်း လာခဲ့ပါအုံးရှင့်"

သည်အခိုက်တွင် ရှန်ချန် လက်ထဲက ဖုန်းကို ချိန်ကိုက်ဗုံးတစ်လုံးလို မြင်ယောင်နေမိတော့သည်။ နောက်ဆုံး သူတို့သည် ဖုန်းဆိုင်မှ ထွက်လာချိန်၌ ရှန်ချန်က မပျော်မရွှင်ဖြင့် မေးလိုက်တော့သည်။

"အမ နင် ဒီပိုက်ဆံတွေကို ဘယ်ကရတာလဲ၊ ငါ့ကို မြန်မြန်ပြောစမ်းပါ၊ ငါတို့တွေ ပိုက်ဆံပြန်ပေးဖို့ အချိန်ရှိသေးတယ်"

ရှန်ချန်သည် အလွန်စိုးရိမ်နေတော့သည်။ ဒီပိုက်ဆံတွင် ရှန်ယွဲ့က ချေးလာတာဖြစ်ဖြစ် ခိုးတာပဲဖြစ်ဖြစ် စျေးကြီးတဲ့ဖုန်းဝယ်ဖို့ သုံးလိုက်မှန်း အမေသာသိရင် သူတော့ အသေရိုက်ခံရတော့မှာပဲ။

" ငါက ပိုက်ဆံကို တရားမဝင်နည်းလမ်းသုံးပြီး ရှာတဲ့သူပုံ ပေါက်နေလို့လား"

ရှန်ယွဲ့သည် ရယ်ရခက် ငိုရခက် ဖြစ်သွားတော့သည်။ မသက်မသာဖြစ်နေသည့် ရှန်ချန်ကို ကြည့်လိုက်ပြီး သူမ လေးလေးနက်နက် ပြောလိုက်တော့သည်။
' ဒီငွေက ငါ့လုပ်အား ဉာဏ်ပညာနဲ့ ရှာထားတာဆိုတာ နင့်ကို အာမခံတယ်၊ ဒါက တရားဝင်ပိုက်ဆံ၊ နင်ရှာထားတဲ့ ငွေကို နင်ကြိုက်သလိုသုံးလို့ရတယ်၊ အရမ်း စိုးရိမ်မနေနဲ့"

"အင်းပါ"

ရှန်ယွဲ့၏ ယုံကြည်မှုရှိသည့် အမူအရာကို မြင်လိုက်ပြီးနောက် ရှန်ချန် ပြောမည့်စကားကို မျိုသိပ်လိုက်တော့သည်။

ရှန်ယွဲ့သည် ခက်ခဲလှသည့်ပုစ္ဆာကိုပင် ဖြေနိုင်သူဖြစ်ရာ ငွေရှာဖို့ရန် ခက်ခဲမည်မဟုတ်ဟု တွေးလိုက်တော့သည်။ သို့မှသာ သူသည် အနည်းငယ်စိတ်အေးသွားပြီး ရှန်ယွဲ့နောက် ဒုတိယအထပ်သို့ လိုက်သွားလေသည်။

" ဘာဖြစ်လို့လဲ၊ ပြီးခဲ့ရက်တုန်းကပဲ နင်ပြောခဲ့တယ်လေ၊ နောက်ဆို ငါချမ်းသာလာရင် နင့်ကို ဘဝကောင်းကောင်းမှာ ထားပေးပါဆို၊ အခုကျတော့ ဘာလို့ လက်မခံနိုင်တော့တာလဲ"

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now