အပိုင်း (၁၃၄ + ၁၃၅)

422 35 0
                                    

အပိုင်း (၁၃၄) အောင်မြင်သွားတဲ့ ဝင်ခွင့်အာမခံ

" အစစ်လား အတုလားဆိုတာကို ဆုံးဖြတ်ဖို့ testလေးတစ်ခု လုပ်ကြတာပေါ့"

ထိုသို့ပြောရင်း သူက ရှန်ရှင်း၏Wechatထဲသို့ စာရွက်စာတမ်းတစ်ခု ကို ပို့လိုက်လေသည်။

" ဒီ စာရွက်စာတမ်းထဲမှာ အကြမ်းစာရွက်ပေါ်က မူရင်းမေးခွန်းပါတယ်၊ ဒီမေးခွန်းကို အကြမ်းစာရွက်မကြည့်ဘဲ ဖြေနိုင်ရင် မင်းက တကယ့် 'သင်္ချာပါရမီရှင်'ပါဆိုပြီး ယုံကြည်ပေးမယ်၊ မင်းကိုယ်မင်း သက်သေပြနိုင်မယ်လို့ မျှော်လင့်ပါတယ်" လင်ရှောင်းက ပြုံးကာ ပြောလိုက်လေသည်။

ဆွန်းလင်က အင်တာနက်ဆိုင်က ကောင်တာမှ ဘောပင်တစ်ချောင်းနှင့် စာရွက်ကို မြန်မြန်သွားတောင်းလိုက်သည်။ ရှန်ရှင်းသည် သူမ၏ခေါင်းကို ငုံ့ပြီး နေရာတွင်ပင် ချရေးလိုက်လေသည်။ သို့သော်ငြား တခြားလူများ မမြင်နိုင်သည့် အကွာအဝေးတစ်ခုတွင် ရှန်ရှင်း၏နှုတ်ခမ်းက မသိမသာပြုံးသွားတော့သည်။ သူမသည် အောင်မြင်မှုကို အတည်ပြုပြီးနေသည့်နှယ်။

ဒီလိုအင်တာဗျူးမျိုးက ဘာမှကြီးကြီးမားမားမဟုတ်ပါဘူး။ သူမက အင်တာဗျူးမဖြေခင်ကတည်းက အကြမ်းစာရွက်ထဲက အကြောင်းအရာတွေကို အလွတ်ကျက်ထားပြီးသားလေ၊ ဒီ' သင်္ချာပါရမီရှင်'ဆိုတာ သေချာပေါက် သူမဟာပဲ။ မြို့တော်တက္ကသိုလ်ဆိုတာလည်း သူမရဲ့လွယ်အိတ်ထဲ ရောက်နေပြီ။

!!

ရှန်ရှင်းသည် စိတ်ထဲတွင် စဥ်းစားလိုက်ရင်း မြန်မြန်ချရေး လိုက်လေသည်။

ဆွန်းလင်က သမီးဖြစ်သူ၏ယုံကြည်ချက်ကို ကြည့်ကာ သူမ၏မျက်နှာပေါ်တွင် ဖော်မပြတတ်သည့် ပျော်ရွှင်သော အပြုံးတစ်ခု ပေါ်နေကာ သူမသည် အင်တာနက်ဆိုင်က လူတိုင်းကို သမီးဖြစ်သူက မြို့တော်တက္ကသိုလ်ကို ဝင်ခွင့်အာမခံရတော့မည်ဖြစ်ကြောင်း ပြောပြချင်နေသည့်နှယ်။

" ပြီးပါပြီ"

ရှန်ရှင်းက ရုတ်တရက် ခေါင်းမော့ကာ သူမ၏အမေကို ပြုံးပြလိုက်လေသည်။ ထို့နောက် သူမက ကွန်ပျူတာစခရင်ဘက်လှည့်ပြီး သူမ အခုလေးတင် ချရေးထားသည့် တွက်ချက်ထားသည့်အဆင့်ဆင့်ကို ဓာတ်ပုံရိုက်ကာ လင်ရှောင်းထံ ပို့ပေးလိုက်လေသည်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Dove le storie prendono vita. Scoprilo ora