အပိုင်း (၆၁) သိပ္ပံနည်းကျသုတေသနကို စိတ်မဝင်စားပါ

671 66 0
                                    

အပိုင်း (၆၁) သိပ္ပံနည်းကျသုတေသနကို စိတ်မဝင်စားပါ

ရှန်ယွဲ့၏ဇဝေဇဝါဖြစ်နေသည့် အမူအရာကို ငုံ့ကြည့်ရင်း ရှန်ချန်သည် ထိုနေ့က သူမဖြေခဲ့သည့် ပုစ္ဆာအကြောင်း လုံးဝမေ့သွားပြီးမှန်း သိလိုက်တော့သည်။ သူက ရှန်ယွဲ့ကို မြန်မြန်ရှင်းပြလိုက်၏။

" နောက်ဆုံးတစ်ခေါက်တုန်းက ငါ နင့်ကိုမေးခဲ့တဲ့ပုစ္ဆာလေ၊ အဲဒါကို ဖြေနိုင်တဲ့သူက မြို့တော်တက္ကသိုလ်မှာ အာမခံချက်ရှိတဲ့နေရာတစ်ခုကို ရပြီး အဲဒီအရမ်းတော်တဲ့ပရော်ဖက်ဆာတွေနဲ့ သုတေသနလည်း လုပ်နိုင်မှာတဲ့၊ အနာဂါတ်ကတော့ အတိုင်းအဆမရှိဘူး"

"ဪ"

ရှန်ယွဲ့သည် ထိုစကားကိုကြားလိုက်ပြီးနောက် ဘာမှမထူးခြားသလို ပြန်ဖြေလိုက်လေသည်။ သူမသည် လုံးဝဂရုမစိုက်သည့်နှယ် လုံးဝပင်မော့မကြည့်ပေ။

ရှန်ချန်က ကြည့်ရှုသူပေါင်း ၁၀သန်းကျော်သည့် သူ့ပိုစ့်ကို အပေါ်အောက်ရွှေ့ကြည့်ရင်း စိတ်ထဲက လှုပ်ရှားမှုကို မမြိုသိပ်နိုင်တော့ချေ။ သူသည် ချီးမွှမ်းမြောက်ပင့်ပြောဆိုထားသည့်မှတ်ချက်များကို ရှန်ယွဲ့အား အသံထွက်ကာ ဖတ်ပြလိုက်လေသည်။ သူ့မျက်နှာမှာ စိတ်လှုပ်ရှားလွန်းသဖြင့် နီရဲလာတော့သည်။

ရုတ်တရင် သူက အားရဝမ်းသာပြောလိုက်၏။

" အစ်မ မြို့တော်တက္ကသိုလ်က ပရော်ဖက်ဆာ တော်တော်များများမှာ သီးသန့်လုပ်ထားတဲ့အကောင့်တွေရှိတယ်၊ သူတို့တွေလည်း မှတ်ချက်မှာရေးထားကြတယ်၊ နင် ထွက်လာဖို့ ဆန္ဒရှိသ၍ သူတို့က ဘာတောင်းဆိုမှုကိုမဆို သဘောတူနိုင်တယ်တဲ့...."

"ဒါက ပုစ္ဆာလေးတစ်ခုပဲကို ကြီးကြီးကျယ်ကျယ်လုပ်မနေပါနဲ့ဟာ"

ရှန်ယွဲ့သည် ရှန်ချန်၏ရယ်စရာကောင်းနေသည့် ပုံစံလေးကြောင့် ရယ်ချင်သွားတော့သည်။ သူမသည် တခစ်ခစ်ရယ်လိုက်ပြီး သူ့ခေါင်းကို သပ်ပေးလိုက်လေသည်။ ရှန်ချန်တစ်ယောက်ပဲ ငါလေးကို ပိုကောင်းလာစေချင်ပြီး ငါလေးကို မနာလိုတာတွေ မရှိတာပဲ။ ဒါကမှ မိသားစုဝင်တစ်ယောက်နဲ့တူတာလေ။ ရှန်ယွဲ့သည် အလွန်ကျေနပ်သွားတော့သည်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now