အပိုင်း ( ၇၉) ကျိုးရွှမ်းကို နာမည်တပ်ခေါ်တယ်

595 54 0
                                    

*** DEAR READERS , BE A GOOD AND PLEASURE YEAR END ***

အပိုင်း ( ၇၉) ကျိုးရွှမ်းကို နာမည်တပ်ခေါ်တယ်

အတန်းပြီးသွားသည်နှင့်ချက်ချင်း ရှန်ယွဲ့၏အတန်းပိုင်ဆရာမက ရောက်လာပြီး ရှန်ယွဲ့အား ရုံးခန်းသို့ သွားရန် လာရောက်အကြောင်းကြားလေသည်။

ရှန်ယွဲ့က သူမ ရှင်းရန်ကျန်သေးသည့် မပြီးသေးသည့်ကိစ္စတစ်ချို့ နေသည်ဟု ထင်လိုက်၏။ မျှော်လင့်မထားဘဲ သူမသည် ရုံးခန်းထဲသို့ ဝင်လိုက်သည်နှင့်တပြိုင်နက် ဟန်လင်းက သူ့ရုံးခန်း ကုလားထိုင်ပေါ်က ချက်ချင်း ထရပ်လိုက်ပြီး သူမကို နွေးနွေးထွေးထွေးကြိုဆိုလိုက်၏။

" မိန်းကလေး ရှန်ယွဲ့ ကျွန်တော့်ကိုယ်ကျွန်တော် အရင်မိတ်ဆက်ပါရစေ၊ ကျွန်တော့်နာမည်က ဟန်လင်းပါ၊ Sမြို့ရဲ့ မြို့တော်ဝန်ပါ၊ မစ္စတာကျိုးက မင်းနဲ့ ပတ်သက်တဲ့ကိစ္စတွေကို ဖြေရှင်းပေးဖို့ မှာထားတာပါ"

ဒီတော့ ကျိုးမိသားစု ခိုင်းထားဖြစ်နေတာကိုး။ ရှန်ယွဲ့သည် မအံ့ဩတော့ပေ။ အသာအယာခေါင်းညိတ်ပြလိုက်ပြီးနောက် သာမန်ကာလျှံကာဖြင့် မေးလိုက်တော့သည်။

" မစ္စတာကျိူး ဟုတ်လား၊ ရှင်ပြောနေတာ ကျိုးယန် လား ဒါမှမဟုတ်...."

"ကျိုးရွှမ်းလား"

ရှန်ယွဲ့က ခဏလောက် တုံ့ဆိုင်းနေလိုက်ပြီးနောက် ကျိုးယန်၏ ဦးလေးမှာကျိုးမိသားစု၏ ခေါင်းဆောင် ကျိုးရွှမ်း ဖြစ်နေမှန်း သတိရသွားတော့သည်။ ကျိုးယန်က ငယ်ငယ်လေးကတည်းက အချစ်ခံလေးဖြစ်ပြီး မိုက်ရူးရဲတဲ့ သခင်လေးပဲ။ ပြီးတော့ လောကကြီးအကြောင်းကို သိတာမဟုတ်ဘူး။ ဒီလိုအကြံအစည်မျိုးတော့ သူ့မှာ လုံးဝမရှိလောက်ဘူး။

ရှန်ယွဲ့က တွေဝေမနေဘဲ ကျိုးရွှမ်းအား နာမည်တပ်ခေါ်လိုက်သည်ကို ကြားလိုက်ရပြီး ဟန်လင်းမှာ ရှောခ့်ရသွားတော့သည်။ ရှန်ယွဲ့သည် ကျိုးမိသားစုနှင့် နက်နဲသည့်ဆက်ဆံရေးတစ်ခု ရှိနေသဖြင့် ပို၍ပင် အံ့ဩသွားမိလေသည်။ သူမ ကျိုးရွှမ်းနဲ့ အရမ်းရင်းနှီးတဲ့သူပဲ ဖြစ်ရမယ်။ ဒါကြောင့် သူမက သူ့ကို နာမည်တပ်ခေါ်တာ ဖြစ်မယ်။ ကြည့်ရတာ သူ ရှန်ယွဲ့ သဘောကျအောင် ပိုပြီးဂရုစိုက်လုပ်မှပဲ။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now