အပိုင်း (၅၂) အုံးနှောက်မကောင်းတော့ဘူး

775 75 0
                                    

" ဦးလေး ကျွန်တော် အုံးနှောက် မကောင်းဘူးဆိုတာ ဦးလေးလည်းသိပါတယ်၊ ဒီတော့ ကျွန်တော့်ကို မရယ်ပါနဲ့ဗျာ"

ကျိုးယန်သည် စစ်တုရင်စကားပြီးနောက် သူ့ဉာဏ်ရည်များ ကုန်ခမ်းသွားသလို ခံစားလိုက်ရတော့သည်။ သူ့နောက်က ဆိုဖာပေါ် ပစ်လဲလိုက်ပြီး မှိုင်တွေစွာ ပြောလိုက်၏။

" အနိုင်ရဖို့ဆိုရင် မင်းအုံးနှောက်ကို သုံးမှရမှာပေါ့၊ စီးပွားရေးလောကဆိုတာ စစ်တုရင်ကစားပွဲလိုပဲ၊ နေရာတိုင်းမှာ ထောင်ချောက်နဲ့ အန္တရာယ်တွေရှိတယ်၊ တခြားလူတွေက မင်းကို ငယ်သေးလို့ဆိုပြီး အလျှော့ပေးမှာမဟုတ်ဘူး"

ကျိုးရွှမ်း ခေါင်းကို အသာအယာ ခါလိုက်လေသည်။ ထို့နောက် ဘေးတွင် မသက်မသာရပ်နေသည့် သူ့အတွင်းရေးမှူးကို ကြည့်လိုက်ပြီး သိလိုစိတ်ဖြင့် မေးလိုက်တော့သည်။

" ဘာလဲ"

အတွင်းရေးမှူးက ခက်ခက်ခဲခဲ ပြောလိုက်၏.

" ဥက္ကဋ္ဌကျိုး ရှန်ယွဲ့ကို တိတ်တိတ်လေး ကာကွယ်ပေးဖို့ Sမြို့ကိုလွှတ်လိုက်တဲ့ သက်တော်စောင့် ၆ယောက် သတင်းပြန်ပို့လာတယ်၊ မိန်းခလေးရှန်ယွဲ့က ဒီနေ့ည အပြင်ထွက်ထွက်ချင်းမှာပဲ သူတို့ကို လှည့်ကွက်သုံးပြီး လှည့်ထုတ်သွားတယ်တဲ့"

" လှည့်ကွက်သုံးတယ်ဟုတ်လား"

" ဟုတ်ပါတယ်၊ မိန်းခလေးရှန်ယွဲ့က တမင်ပုန်းနေခဲ့တာတဲ့၊ ကျွန်တော်တို့လူတွေက သူ အန္တရာယ်ကြုံ နေရတယ်လို့ ထင်လိုက်ပေမယ့် အချိန်အကြာကြီးနေအထိ သူ့ကို ရှာမတွေ့ခဲ့ဘူးတဲ့၊ မိန်းခလေးရှန်ယွဲ့က ရုတ်တရက်ပေါ်လာပြီး သူ့ကို ခြောက်လန့်ခဲ့တယ်တဲ့"

အတွင်းရေးမှူးသည် ခါးခါးသီးသီးဖြင့် ပြောလိုက်လေသည်။

" ဟားဟားဟားဟား ရှန်ယွဲ့က အဲလောက်စိတ်ဝင်စားစရာကောင်းလိမ့်မယ်လို့ လုံးဝထင်မထားခဲ့ဘူး၊ ငါ့ကို ကယ်ပေးခဲ့တဲ့လူလို့မပြောရဘူး"

ကျိုးယန်သည် ချက်ချင်း သဘောကျသွားတော့သည်။ သူ့ပေါင်ကို ရိုက်ကာ အော်ရယ်နေတော့သည်။

" ဆန်ကုန်မြေလေးတစ်သိုက်"

ကျိုးရွှမ်း၏ နှုတ်ခမ်းထောင့် ကွေးတက်သွား၏။ ဒီကောင်မလေး ရှန်ယွဲ့ အရမ်းပါးနပ်တာ သူ အစောကြီးကတည်းက တွေ့ခဲ့ပြီးသား။ ရှန်ယွဲ့က သက်တော်စောင့် ၆ယောက်အား တွေ့သွားသည်ကို ကျိုးရွှမ်း မအံ့ဩပေ။ ထို့အစား သူမလှုပ်ရှားမှုက အတန်ငယ်ထူးဆန်းနေသည်ဟု ခံစားလိုက်ရတော့သည်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now