အပိုင်း (၁၁၀)+အပိုင်း(၁၁၁)

409 38 0
                                    


အပိုင်း (၁၁၀) ကျိုးမိသားစုဆီ ရောက်လာတဲ့သတင်း

ဟန်လင်းသည် ကျိုးရွှမ်းဖုန်းကိုင်လိုက်သည်နှင့် တပြိုင်နက် အလွန်မှ စိတ်လှုပ်ရှားသွားတော့သည်။ သည်အချိန်အတောအတွင်း သူသည် ရှန်ယွဲ့၏ နောက်ခံလုပ်ပေးခဲ့သည်။ သူ့ကြိုးစားမှုတို့က အလကားမဖြစ်ခဲ့ပေ။

" မင်္ဂလာပါ ဥက္ကဋ္ဌကျိုး ၊ ပြီးခဲ့တဲ့တခေါက်က လူကြီးမင်းရဲ့လက်ထောက်ကို ညွှန်ကြားခိုင်းခဲ့တဲ့သူ ဟန်လင်း ပါခင်မျာ...."

သို့သော်ငြား သူကမိတ်ဆက်စကားကို ပြင်ဆင်ထားလိုက်ပြီး သူ့ကို နွေးနွေးထွေးထွေး နိမ့်ချကာ နှုတ်ဆက်လိုက်သည်နျင့် ကျိုးရွှမ်း၏လက်ထောက်အသံက တစ်ဖက်မှာ ထွက်လာတော့သည်။

" မြို့တော်ဝန်ဟန် ပြေစရာရှိရင် ပြောပါ"

ဟန်လင်းမှာ ကြောင်အမ်းအမ်းဖြစ်သွားတော့သည်။

" ဥက္ကဋ္ဌကျိုးကို ဖုန်းဖြေပေးဖို့ မေးလိုက်တာမဟုတ်ဘူးလား၊ ဒါက..."

လက်ထောက်က ဥက္ကဋ္ဌကျိုးဘေးတွင် ရပ်ကာ ပြန်ဖြေလိုက်၏။

" ဥက္ကဋ္ဌကျိုးက ကျွန်တော့်ဘေးမှာ နားထောင်နေပါတယ်"

" ဪ ကောင်းပါပြီ"

ဟန်လင်းသည်အနည်းငယ် စိတ်ပျက်သွားသော်လည်း ကျိုးရွှမ်းနှင့် တိုက်ရိုက်စကားပြောရန် အခြေအနေမရှိသေးသည့် သူအဆင့်အတန်းကို နားလည်လိုက်လေသည်။ ကျိုးရွှမ်းက ရှန်ယွဲ့ကြောင့်သာ ဘေးတွင် နားထောင်ပေးနိုင်ခြင်းပင်။

ထို့ကြောင့် ဟန်လင်းက သူ့ဘဝတွင် လေ့လာခဲ့သည့်အရာအားလုံးနှင့် အစွမ်းအကုန်ထုတ်သုံးကာ သည်နေ့ ရှန်ယွဲတွင် ဖြစ်ပျက်သမျှအရာကို အကောင်းဆုံးဖြစ်အောင် ကွက်ကွက်ကွင်းကွင်း ဖော်ပြလိုက်တော့သည်။

စကားပြောနေစဥ်တစ်လျှောက်လုံးတွင် ကျိုးရွှမ်း၏လက်ထောက်က ပြန်ဖြေပေးနေပြီး ဟန်လင်းက တစ်ယောက်ထဲ စကားပြောနေလေသည်။ အကြောင်းအရာ ပြီးဆုံးသွားချိန်တွင်တော့ ဖုန်းတစ်ဖက် ဘာလှုပ်ရှားမှုမှ မရှိပေ။ ဟန်လင်းမှာ စိတ်ပျက်လုနီးနီး ဖြစ်သွားတော့သည်။ ဘာဖြစ်နေတာလဲ။ ဧကန္တ ဥက္ကဋ္ဌကျိုးက သူ ဒီနေ့လုပ်ခဲ့တာကို စိတ်မကျေနပ်လို့များလား။ သူသည် စိုးရိမ်ပူပန်မိလာတော့သည်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now