အပိုင်း ( ၁၂) ဘတ်စ်ကားပေါ်ဖြစ်ရပ်

939 92 0
                                    

ထိုအန်တီ၏အသံသည် စူးရှကာ ကျယ်လောင်၏။ သူမ၏ဟာသဆန်ဆန် လေသံအောက်တွင် ဘေးကလူများသည် အသံထွက်အော်ရယ်လိုက်ကြပီး ဝဖိုင့်ဖိုင့်ရှန်ယွဲ့ကို လှည့်ကြည့်လိုက်ကာ ပွဲကြည့်ဖို့ ပြင်နေကြလေသည်။ သူမသည် " ဝက်မ"၊ " ဝလိုက်တာ" " ရုပ်ဆိုးလိုက်တာ" စသည့် စကားလုံးများ ရောနေထွေးနေသည့် တီးတိုးသံများကိုလည်း သဲ့သဲ့ကြားနေရလေသည်။

ရှန်ချန်၏မျက်နှာသည် နီရဲသွားတော့သည်။ သူသည် အမြဲတစေ မခံချင်တတ်သူဖြစ်လေသည်။ ဤသို့ လူတိုင်းရှေ့တွင် ရှိနေရသည်က သူ့ကို တွင်းတစ်ခုထဲတွင် ဝင်ပုန်းချင်စိတ်ဖြစ်စေတော့သည်။

သို့သော် သူ ပိုစိုးရိမ်ရသည်က သူ့အမ ရှန်ယွဲ့ပင်။ အတိတ်က သူသည် သူမနှင့် မရင်းနှီးသော်လည်း သူမအကျင့်ကို သိလေသည်။ သူမသည် ရှက်ရွံ့တတ်ကာ အားနည်းလေသည်။ သူမသည် သူမ၏အခန်းထဲတွင် တစ်ယောက်ထဲ ပုန်းကာ ငိုနေတတ်သည်။ သူမသည် ဆူဆဲခံရချိန်၌လည်း ဘယ်တော့မှ ပြန်မပြောတတ်ပေ။

မိန်းခလေးတစ်ယောက်က လူရှေ့သူရှေ့မှာ ပြောဆိုခံ၊ လှောင်ပြောင်ခံရတာ ဘယ်လောက်များ အကူအညီမဲ့ပြီး ကြောက်ရွံ့နေလိမ့်မလဲနော်။

ရှန်ချန်သည် ရှန်ယွဲ့ခမျာ အလွန်နေရခက်သဖြင့် ငိုတော့မည်ဟု တွေးလိုက်လေသည်။ သူသည် သူမကို ဤသို့ မမြင်ရက်ပေ။ ထို့ကြောင့် သူသည် ဘယ်ကရောက်လာသည် မသိသည့်သတ္တိအချို့ ရလာတော့သည်။ သူသည် ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး ရှန်ယွဲ့၏ဧရာမခန္ဓာကိုယ်ကြီးကို ကာကွယ်ပေးဖို့ ကြိုးစားလိုက်လေသည်။ သူသည် ပြန်ချေပရန် ပါးစပ်ပြင်လိုက်စဥ် သူ့ခန္ဓာကိုယ်သည် ရုတ်တရက် အသာအယာ ပြန်ဆွဲခံလိုက်ရတော့သည်။

ပိုင်ရှင်မှာ အားနည်းတဲ့အကျင့်စရိုက်ရှိချင်ရှိမယ် ဒါပေမယ့် ငါ ရှန်ယွဲ့ကတော့ ဒေါသကို သည်းခံဖို့ ဆန္ဒရှိတဲ့သူတစ်ယောက် လုံးဝမဟုတ်ဘူးရယ်။

ရှန်ယွဲ့သည် သူမရှေ့က သူမ၏အရှက်တရားကို ကာကွယ်ပေးဖို့ ကြိုးစားနေသည့် ရှန်ချန်ကို နောက်သို့ အသာအယာတွန်းပို့လိုက်လေသည်။ သူမသည် မျက်နှာကို အနည်းငယ်ပင့်ချီထားပြီး သူမ၏ရင်ဘတ်ကို ဖွင့်လိုက်ရာ ယုံကြည်မှုရှိသလို အထင်သေးသည့်ဟန်လည်း ပေါ်လေသည်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now