အပိုင်း (၆) မူလပိုင်ရှင်ရဲ့လျှို့ဝှက်ချက်

1K 97 0
                                    

ဆွန်းလင်သည် ထိတ်လန့်သွားတော့သည်။ ရှန်ယွဲ့ကို ဆွဲလိမ်ရန် ထုတ်ထားသည့်လက်ကို မသိစိတ်မှနေ၍ လွှတ်ပေးမိသွားတော့သည်။ သူမသည် ငေးကြောင်ကြောင်ကြည့်နေဆဲ ရှန်ယွဲ့သည် လှည့်ထွက်ကာ အခန်းဆီသို့ လျှောက်သွားလိုက်လေသည်။

သည်အခိုက်တွင် ရှန်ယွဲ့သည် ဝကာ နမော်နမဲ့နှင့် လေးပင်သည့် ရှန်ယွဲ့ပြန်ဖြစ်သွားတော့သည်။

သူမ အခုပဲ အမြင်မှားသွားတာလား။

ဆွန်းလင်သည် အကြောက်တရားများ တွယ်ကပ်နေရင်း တွေးလိုက်လေသည်။

သည်အချိန်မှာပဲ ရှန်ချန်သည် အင်္ကျီလက်ကို ခေါက်လိုက်ပြီး ပန်းကန်များကို သိမ်းဆည်းရန် စလုပ်လိုက်တော့သည်။

" ကျွန်တော် ပန်းကန်ဆေးလိုက်မယ်"

ထိုအရာကို မြင်သွားပြီး ဆွန်းလင်က သူ့အား အမြန်တားလိုက်လေသည်။

" ငါလုပ်မယ်၊ ငါလုပ်မယ်၊ သွားနားချည်တော့"

ဆွန်းလင်၏မျက်လုံးထဲတွင် ရှန်ချန်သည် မိသားစု၏ ရတနာပင်။ သူသည် ထိပ်တန်းတက္ကသိုလ်ကို ဝင်ပြီး မိသားစု၏ ဂုဏ်ရောင်ကို ယူလာပေးလိမ့်မည်ဟု သူမ ယုံကြည်ထားလေသည်။ ပန်းကန်ဆေးခြင်းကဲ့သို့ လုပ်အားသုံးရသည့်အလုပ်ကို သူ့အား မည်သို့ ခိုင်းရက်ပါမည်နည်း။

ဆွန်းလင်၏ပြိုင်ဆိုင်မှုအောက်တွင် ရှန်ချန်သည် အဆုံး၌ ဆွန်းလင်ကို နားမချနိုင်ခဲ့ချေ။ သူ့လက်ထဲက ပန်းကန်လုံးကို လုယူခံလိုက်ရပြီးနောက် သူသည် အခန်းသို့ပြန်ကာ စာလုပ်ရန် ဆွန်းလင်၏နားချခြင်းသာ ခံလိုက်ရလေသည်။

ရှန်ယွဲ့သည် အခန်းငယ်ထဲသို့ ပြန်ရောက်လာပြီးနောက် သူမ၏အင်္ကျီလက်ကို ခေါက်တင်ကာ စ,တင် သန့်ရှင်းရေးလုပ်တော့သည်။ အရင်ဆုံး အခန်းထဲက မလိုသည့်ပစ္စည်းအချို့ကို ပစ်ထုတ်လိုက်၏။ ထို့နောက် ပစ္စည်းများကို သင့်တော်သလို နေရာချကာ သူမလှုပ်ရှားလို့ရနိုင်သည်အထိ အခန်းကို တတ်နိုင်သလောက် ရှင်းနေအောင် ကြိုးစားလိုက်လေသည်။

သို့သော် သူမသည် အိပ်ရာခြေရင်းမှ စာရွက်များပြည့်နေသည့် ကတ်ထူပုံး တစ်ခုကို ဆွဲထုတ်လိုက်ပြီး မှတ်စုများပေါ်က အကြောင်းအရာကို တစ်ချက်လောက် ကြည့်လိုက်သည်နှင့် မျက်မှောင်ကျုံ့သွားတော့သည်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now