အပိုင်း (၄၈) သူမရဲ့လျှို့ဝှက်ချက်

881 82 0
                                    

လက်ထောက်နှင့် ကျိုးရွှမ်းဘေးက ဒရိုက်ဘာသည် ကလစ်တစ်ချက်နှိပ်လိုက်ပြီး မောင်နှမနှစ်ယောက်၏ ကျောပြင်ကို ဓာတ်ပုံရိုက်ယူလိုက်ကာ ကျိုးအိမ်တော်တွင် အနားယူရန်ဖိအားပေးခံထားရသည့် ကျိုးယန်ထံ ဓာတ်ပုံကို ပို့ပေးလိုက်တော့သည်။ တစ်ချိန်ထဲတွင် သူက ရေရွတ်လိုက်သေးသည်။

" သူ့ဘေးက ပိန်ပိန်ပါးပါး အရပ်မြင့်မြင့်နဲ့ကောင်လေးက တော်တော်ချောတာပဲ၊ အဲဒါ သူ့မောင်လေးလား"

ကျိုးရွှမ်း သူ့ခေါင်းကို မသိမသာလှည့်လိုက်ပြီး ဘာမှပြန်မပြောလိုက်သော်လည်း ရှန်ယွဲ့၏ကျောပြင်ကို ငြိမ်သက်စွာ စိုက်ကြည့်နေလိုက်လေသည်။

မနေ့က လူသတ်သမားများ Sမြို့သို့ ရောက်နေသည့်သတင်းကို ကြားပြီးကတည်း သူမကို ကာကွယ်ပေးရန် သန်မာသည့် သက်တော်စောင့်နှစ်ယောက်ကို အရေးပေါ် လွှတ်လိုက်သေးသည်။ သို့သော် သက်တော်စောင့်များက Sမြို့သို့ရောက်သွားချိန်၌ လူသတ်သမားများသည် မနေ့ညက ရှန်ယွဲ့အိမ်နားတွင် အမှန်တကယ်ပေါ်လာခဲ့သော်လည်း ထို့နောက်ပိုင်း အားလုံးက ပျောက်သွားသည်ဟု ဆိုလေသည်။

အန္တရာယ်ဝိုင်းခံထားရသည့် ရှန်ယွဲ့မှာ အန္တရာယ်ကင်းကင်း ရှိနေ၏။ နောက်တစ်နေ့တွင် သူမသည် ဘာအန္တရာယ်မှ မတွေ့ရသကဲ့သို့ စိတ်ကြည်နေသယောင်။

" သူ့မောင်လေး ဖြစ်နိုင်ပါတယ်၊ သူ့ပုံစံက အရမ်းဆိုးပေမယ့် သူ့မောင်လေးကျတော့ တော်တော်ရုပ်ချောတာပဲ၊ ဒီမိသားစုကတော်တော် ထူးဆန်းတာပဲ"

လက်ထောက်က ရေရွတ်လိုက်ပြန်သည်။

ရုတ်တရက် ကျိုးရွှမ်း တဟင်းဟင်းရယ်လိုက်သဖြင့် လက်ထောက်မှာ တောင့်တင်းသွားတော့သည်။ သူ မပြောသင့်သည့်စကားကို ပြောမိသွားသည်ဟု ထင်လိုက်ပြီး ကျောရိုးတစ်လျှောက် အေးစိမ့်သွားတော့သည်။

အမှတ်တမဲ့ ကျိုးရွှမ်း၏ကြည့်နေသည့်ဖက်သို့ လိုက်ကြည့်လိုက်ရာ ထိုဝတုတ်မလေး ရှန်ယွဲ့သည့် သူတို့ရှိရာဖက်သို့ သင်္ကာမကင်းကြည့်နေသည်ကို သတိထားမိသွားတော့သည်။ ကားကို စက္ကန့်အနည်းငယ်လောက် စိုက်ကြည့်လိုက်ပြီးနောက် သူမ ပြန်လှည့်သွား၏။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now