အပိုင်း (၁၀၅) ဘယ်သူက ထွက်သွားလို့ ပြောလို့လဲ

567 46 0
                                    


အပိုင်း (၁၀၅) ဘယ်သူက ထွက်သွားလို့ ပြောလို့လဲ

ကျန်းရှုသည် ဟန်လင်းဖုန်းခေါ်လာသည့်ပုံကို အမှတ်မိနေသေးသည်။ ပုံမှန်ဆိုလျှင် သူ့ကို ရိုရိုသေသေ ဆက်ဆံတတ်သည့် ဟန်လင်းက လေသံ ရုတ်တရက်ပြောင်းသွားပြီး ရှန်ယွဲ့သည် ကျိုးမိသားစု ကတောင် စောင့်ရှောက်ပေးရသည့် ကျေးဇူးရှင်တစ်ယောက်ဖြစ်ကြောင်း သူ့ကို ခြိမ်းခြောက်သတိပေးနေသည့်လေသံဖြင့် ပြောခဲ့သည်။

ဟန်လင်း ဤသို့ပင် ပြောခဲ့သေးသည်။

" ခင်များ အခုနေရောက်သွားလို့ ရှန်ယွဲ့ ဘာမှမဖြစ်ဖို့ ဆုတောင်းနေတာ ပိုကောင်းလိမ့်မယ်၊ သူ့ဆီမှာ တစ်ခုခုဖြစ်သွားလို့ကတော့ ခင်များရဲ့မိန်းမနဲ့ ငတုံးသားက သူတို့ရဲ့ခေါင်းကို ဆက်ထိန်းထားဖို့ မေ့ထားလိုက်တော့၊ ကျုပ်က ခင်များနဲ့ စာရင်းရှင်းရုံမကာ ကျိုးမိသားစုကလည်း ခင်များကို အလွတ်ပေးမှာမဟုတ်ဘူး၊ ဒါဆိုရတော့ ခင်များရဲ့ ဥက္ကဋ္ဌရာထူး ပြီးပြီးသာမှတ်"

ဖုန်းချလိုက်ပြီးနောက် ကျန်းရှုသည် သည်နေရာသို့ အပြေးအလွှားရောက်လာပြီး သူ့ကို အင်မတန် လန့်ဖျတ်သွားစေသည့် မြင်ကွင်းကိုတစ်ခုကို တွေ့လိုက်ရတော့သည်။ သူသည် ရှန်ယွဲ့အား ပိုလို့ပင် ကြောက်လန့်သွားတော့သည်။

တော်ပါသေးရဲ့။ သူ့မိန်းမနဲ့ သားက ဘာကြီးကြီးမားမား ပြဿနာမှာ မလုပ်ထားခဲ့ပေလို့ပဲ။ ဒီတစ်ခေါ သူ ဘယ်လောက်ပဲ နစ်နာခဲ့ပါစေ အရှုံးကို လက်ခံရလိမ့်မယ်။ သူ ရှန်ယွဲ့ရဲ့ ခွင့်လွှတ်တာကို မြန်မြန်ရအောင်ယူပြီး ထွက်ပြေးရမယ်။

ထိုသို့တွေးထားလိုက်ပြီး ကျန်းရှုက ကျန်းရန်အား ရှန်ယွဲ့ထံသို့ ဆွဲခေါ်သွားကာ အော်ပြောလိုက်တော့သည်။

" မိန်းကလေးရှန်ယွဲ့ကို မြန်မြန်တောင်းပန်လိုက်"

ကျန်းရန်သည် သူတော့ အန္တရာယ်ကင်းပြီဟု ထင်ထားခဲ့သော်လည်း သူ့အဖေ၏နိမ့်ချလွန်းသည့် အသွင်အပြင်ကို တွေ့လိုက်ရသောအခါ သူသည် လုံးဝမှင်တက်အံ့ဩသွားတော့သည်။ ထို့ကြောင့် သူသည် ကျန်းရှု၏အမိန့်ကို မတုန့်ပြန်မိဘဲ ဖြစ်သွားတော့သည်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now