အပိုင်း (၅၀) ရဲတင်းလိုက်တာ

829 83 0
                                    


ဟန်လင်း၏ ပြင်းပြင်းထန်ထန် ဆိုဆုံးမခံလိုက်ရပြီးနောက် ဟန်ရဲ့ ချက်ချင်းပင်အနည်းငယ် ဝမ်းနည်းသွားတော့သည်။ သူသည် အမြဲလိုလို အကြံကြီးကာ ရက်စက်သည့် ဟန်လင်းကို ကြောက်ရလေသည်။ သူသည် လေသံတိုးတိုးလေးဖြင့်သာ ရှင်းပြရဲတော့သည်။

" ဒါပေါ့ ကျွန်တော် နတ်ဆိုးကျိုးရွှမ်းကိုတော့ ဘယ်တော့ယှဥ်နိုင်ပါ့မလဲ ကျွန်တော်ဘာမှ မလုပ်နေတာတော့မဟုတ်ပါဘူး အခုတလော ကျွန်တော် မြို့တော်က တုန်းမိသားစုရဲ့သခင်လေးနဲ့ ဆက်ဆံရေးကောင်းနေတယ်လေ"

" တုန်းမိသားစု ဟုတ်လား"

ဟန်လင်းသည် အစက ဟန်ရဲ့ကို လက်ညိုးငေါက်ငေါက်ထိုးကာ ဆူဆဲနေလေသည်။ တုန်းမိသားစုဟု ကြားလိုက်ချိန်တွင်တော့ ချက်ချင်းလိုပင် စိတ်ဝင်စားသွားတော့သည်။ တုန်းမိသားစုသည် ကျိုးမိသားစုကို မယှဥ်နိုင်သော်လည်း သူတို့သည် ဖယ်ဒရယ်မြို့တော့က ထိပ်တန်းချမ်းသာသည့် မိသားစုများထဲက တစ်ခုဖြစ်လေသည်။ သူ မြန်မြန်မေးလိုက်၏။

" တလောက Sမြို့ကိုလာပြီး ကားပြိုင်ပွဲလုပ်တဲ့ တုန်းယန်လား၊ ပြီးခဲ့တခေါက်တုန်းက ငါ မင်းကိုပြောဖူးတယ်လေ၊ သူ အခု ဘယ်လိုနေလဲ"

ထိုအကြောင်း ပြောလိုက်သည်နှင့် ဟန်ရဲ့ ဘဝင်ခိုက်သွားတော့သည်။ နောက်ဆုံးတစ်ခါက် သူက တုန်းယန်အတွက် ပြိုင်ပွဲစီစဥ်ပေးခဲ့ပြီး ပွဲအလယ်တွင် အမှားအနည်းငယ် ဖြစ်သွားသော်လည်း တုန်းယန်မှာ အလွန်ကျေနပ်နေလေသည်။ တဖက်လူက သူအားလျှင် Sမြို့ကို နောက်ထပ်လာပြီး သူနှင့် လာကစားမည်ဟု ပြောသွားသေးသည်။

တုန်းယန်သည် မပြန်ခင် ထိုနေ့က သူနှင့်ပြိုင်ခဲ့သည့် ဝတုတ်မလေးကို ရှာပေးဖို့ ပြောခဲ့သည်။ အကြောင်းမှာ သူသည် သူမထံမှ ပညာသင်ကြားချင်သောကြောင့်ပင်။

သူသည် တုန်းယန်ကို ကပ်ဖားနိုင်သ၍ အနာဂတ်တွင် မြို့တော်က နာမည်ကြီးလူ့အသိုင်းအဝိုင်းထဲသို့ ဝင်ရန် လွယ်ကူနေလိမ့်မည်။ သူသည် မြို့တော်သို့ပင် သွားကာ တက္ကသိုလ် တက်ခဲ့သေးသည်။ သူကိုယ်တိုင် မြို့တော်တွင် ရပ်တည်နိုင်လျှင် သူ့အဖေ Sမြို့တော်ဝန်ထက် များစွာသာလိမ့်မည်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now