အပိုင်း (၈၄) ကမ္ဘာ့နံပါတ် တစ်, ဇီးရိုး

582 51 0
                                    

အပိုင်း (၈၄) ကမ္ဘာ့နံပါတ် တစ်, ဇီးရိုး

ကျန်းဟွမ်သည် ပရော်ဖက်ဆာများက ပုစ္ဆာကိုဖြေရှင်းခဲ့သည့် ပုဂ္ဂိုလ်ကို အလွန်တွေ့ချင်နေကြကြောင်း အလေးပေးပြောခဲ့လေသည်။ သူတို့သည် နေရာတိုင်းတွင် အဆက်အသွယ်ရှာရင်းပင် စားချင်သောက်ချင်စိတ် ပျောက်သွားတော့သည်။ သို့သော် တစ်ဖက်လူက အချက်အလက်အနည်းငယ်သာ ချန်ထားခဲ့သည်။ နောက်ဆုံးတွင်တော့ သူတို့သည် မတတ်သာတော့ဘဲ ကျိုးရွှမ်းကို လာရှာရတော့သည်။

" တကယ်တော့ဗျာ ဒီပုစ္ဆာရဲ့အဓိကအယူအဆက ပရော်ဖက်ဆာတွေလုပ်နေတဲ့ အရေးကြီးသုတေသနတစ်ခုနဲ့ ပတ်သက်နေတာ၊ ဒီပုစ္ဆာကို ဖြေရှင်းနိုင်တဲ့လူက သုတေသနမှာ တကယ့်ကို အထောက်အကူဖြစ်မှာ၊ အခုကျတော့ ပရော်ဖက်ဆာတွေ သူတို့သက်တမ်းတစ်ဝက်လောက် အချိန်ကုန်ခံပြီးလုပ်ခဲ့တဲ့ သုတေသနက အရေးကြီးဆုံးအဆင့်ကို ရောက်နေပြီ၊ တကယ်အရေးတကြီးဖြစ်နေတာ"

လင်ရှောင်းက ကျန်းဟွမ် မိတ်ဆက်ပေးပြီးသွားသည့်နောက် ထပ်ဖြည့်ပြောလိုက်တော့သည်။

ပရော်ဖက်ဆာများနှင့် အရင်းနှီးဆုံးကျောင်းသားတစ်ယောက်အနေဖြင့် ဆံပင်ဖြူနေကြသည့် ပရော်ဖက်ဆာအိုကြီးများက သည်သုတေသနကို မည်မျှအလေးထားပြီး ထိုပုစ္ဆာကိုဖြေရှင်းပေးသူ ထွက်လာရန် မည်မျှတောင့်တကြောင်း သူ့မျက်မြင်ပင်ဖြစ်လေသည်။ ထို့ကြောင့် ပရော်ဖက်ဆာကြီးများက တစ်စုံတစ်ယောက်ကို ရှာတွေ့ရန် မည်မျှ စိတ်အားထက်သန်ကြကြောင့် နားလည်လေသည်။ သူသည်လည်း အကောင်းဆုံး ကြိုးစားရလိမ့်မည်။

" ဒီတော့ ပြောချင်တာက ကျွန်တော့် ဟက်ကာစကေးကို သုံးပြီး ဒီလူဘယ်မှာနေလဲဆိုတာကို ရှာချင်တာလို့ ပြောတာပေါ့"

ကျိုးရွှမ်းက ခဏလောက် စဥ်းစားလိုက်ပြီး ဖြည်းညင်းစွာပြောလိုက်လေသည်။

" ဟုတ်ပါတယ် ငါတို့က ဒီလူကို တကယ်သာ မလိုအပ်ဘူးဆိုရင် ဒီလိုအစွန်းရောက်တဲ့နည်းလမ်းတစ်ခုကို သုံးပြီး သူ့ကို ရှာချင်ခဲ့မှာမဟုတ်ဘူး"

ကျန်းဟွမ်က မြန်မြန်ခေါင်းညိတ်ပြလိုက်ပြီး ကျိုးရွှမ်းကို လေးစားအားကျသည့်စိတ်ဖြင့် ကြည့်လိုက်လေသည်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now