အပိုင်း (၁၂၂) + အပိုင်း (၁၂၃)

426 36 0
                                    


အပိုင်း (၁၂၂) နောက်အလုပ်တစ်ခု ရှာလိုက်တော့

" ရှင် ကျွန်မကို ပစ္စည်းတွေ အရင်ယူလာပေးလိုက်၊ သွေးပုလဲအပြင် ကျွန်မ နောက်ထက် ဆေးနည်းနည်းပါးပါး လိုချင်သေးတယ်"

ရှန်ယွဲ့သည် ပစ္စည်းများကို ယူကာ မြန်မြန်ထွက်သွားရဖို့သာ မျှော်လင့်ထားခဲ့လေသည်။

" ဆေးက ဘယ်လောက်ထပ်လိုတာလဲ"

ဟွမ်ရို့၏လေသံက အလွန်ယဥ်ကျေးလှသည်။ ရှန်ယွဲ့တွင် သည်အင်အားရှိမှန်းလည်း သူသိထားသည်။

ရှန်ယွဲ့က ကြမ်းပြင်ကို တစ်ချက်လှမ်းကြည့်လိုက်၏။ သက်လတ်ပိုင်းယောက်ျားက ချက်ချင်းက ကုန်းကာ မြေကြီးပေါ်က စာရွက်ကို ကောက်ယူလိုက်လေသည်။ စာရွက်ပေါ်တွင် ဆေးညွှန်းတစ်ခု ရေးထားသည်။ သူက စာရွက်ကို ဟွမ်ရို့အား လှမ်းပေးလိုက်၏။

ဟွမ်ရို့က သူ့လက်ထဲတွင် ဆေးညွှန်းကို ကိုင်ထားလိုက်ပြီးမှ သူ၏မူလကတည်ငြိမ်နေသည့်မျက်နှာပေါ်တွင် ချက်ချင်းဆိုသလို အထိတ်တလန့်ဖြစ်သွားသည့် အမူအရာတစ်ခုက ပေါ်လာတော့သည်။

"ဘယ်သူ... ဒီဆေးညွှန်းကို ဘယ်သူ ရေးပေးလိုက်တာလဲ"

" ဘယ်သူ ရေးပေးလိုက်တယ်ဆိုတာကို ရှင် သိစရာမလိုပါဘူး၊ အထဲက ဆေးတွေပဲ ထုပ်ပေးပါ" ရှန်ယွဲ့သည် သူမ၏သရုပ်မှန်ကို မဖော်ထုတ်ချင်ပေ။ ထို့ကြောင့် ဆက်ပြောရန် အဆင်မပြေတော့ချေ။

ဟွမ်ရို့၏မျက်နှာက အံ့ဩရိပ်တစ်ခုဖြင့် ပြည့်နေတော့သည်။ အဲဒီပုဂ္ဂိုလ် သေသွားပြီးကတည်း ဒီလောက်ကောင်းတဲ့ ဆေးညွှန်းကို မတွေ့ဖူးတော့သလောက်ပဲ။ ထို့ကြောင့် သူက မနေနိုင်တော့ဘဲ မေးလိုက်တော့သည်။

" မင်း အရိုး ဒါမှမဟုတ် သွေးကြောအမှတ်နေရာမှာ ပြဿနာရှိနေတဲ့သူကို ကုသပေးမလို့လား"

" ရှင် လုပ်ရမယ့်ဟာကိုပဲ လုပ်ပါ၊ ဘာကိုမှ အများကြီး ထပ်မမေးပါနဲ့"

ရှန်ယွဲ့သည် စိတ်မရှည်ချင်တော့ပေ။

ရှန်ယွဲ့၏ စကားလုံးများသည် အလွန်ရိုင်းပျနေသည်မှာ ထင်ရှားလေသည်။ သက်လတ်ပိုင်း ယောက်ျား၏မျက်နှာပေါ်တွင် ဒေါသထွက်နေသည့် မျက်နှာထားတစ်ခု ပေါ်လာပြီး သူက သူ့သူဌေးအတွက် ရပ်တည်ပေးချင်ခဲ့သည်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now