အပိုင်း (၅၆) အရမ်းမျက်နှာပြောင်တယ်

729 68 0
                                    

အပိုင်း (၅၆) အရမ်းမျက်နှာပြောင်တယ်

ရှန်အန်းစကားမဆုံးခင်မှာပင် ဆွန်းလင်က ဒေါသတကြီး သူ့ကို ဖြတ်ပြောလိုက်လေသည်။ သူသည် စားပွဲကို ဘုန်းခနဲရိုက်ကာ ဆူဆဲတော့၏။

" ရှင်က ရှင့်ရဲ့သောက်ခေါင်းဆောင်ကို ယုံနေတာပေါ့လေ ဟုတ်လား၊ ကျွန်မတို့တွေ တစ်လလောက် အကြွေးတင်နေပြီး၊ အိမ်က ငွေတွေအားလုံးလည်း သုံးလို့ကုန်ပြီ၊ စားဖို့သောက်ဖို့က ရှိသေးတယ်၊ ရှင် ကျွန်မတို့ကို ငတ်ပြီးသေစေချင်နေတာလား"

ဆွန်းလင်၏အသံမှာ အလွန်မှ ကျယ်လေသည်။ ရှန်အန်းမှ လည်ပင်းကို ကျုံ့ထား၏။ သူ့မိသားစုတွင် စုဆောင်းထားသည်များ ရှိသေးကြောင်း မှတ်မိနေရာ မစားနိုင်မသောက်နိုင်လောက်သည့်အခြေအနေအထိတော့ မဟုတ်ချေ။ သို့သော် သည်နေ့မှ ဆွန်းလင်က ကောက်ခါငင်ကာ ဒေါသထွက်နေသည်ဟု ထင်မိလေသည်။

" ရှန်အန်း ရှင်ဟာလေ ဆန်ကုန်မြေးလေး၊ ရှင့်မိန်းမနဲ့ ကလေးတွေကိုတောင် မထောက်ပံ့နိုင်ဘူး၊ ရှင်ဘာအသုံးကျသေးလဲ...."

ဆွန်းလင်သည် သူမ၏ဒေါသများကို ရှန်အန်းအပေါ် ပုံချလိုက်ပြီး ငြိမ်ငြိမ်လေး စားနေသည့် ရှန်ယွဲ့ကို လှည့်ကြည့်လိုက်လေသည်။

" ပြီးတော့ နင်___"

ရှန်ယွဲ့သည် ဆွန်းလင်၏ရည်ရွယ်ချက်ကို အစောကြီးကတည်းက ခန့်မှန်းမိလေသည်။ သူမ ချမ်းလာသည်ကို မလိုဖြစ်နေပြီး သူမဆီက ပိုက်ဆံတောင်းချင်နေခြင်းပင်။

ရှန်ယွဲ့သည် ဆွန်းလင်တစ်ယောက်ထဲ သရုပ်ဆောင်နေသည်ကို အချိန်အကြာကြီး ကြည့်လိုက်ရသဖြင့် တော်တော်ပင်ပမ်းသွားတော့သည်။ သူမသည် တူကိုချလိုက်ပြီး လက်ပိုက်လိုက်၏။ သူမကို မေးကို ပင့်လိုက်ကာ ဆွန်းလင်ကို အေးအေးဆေးဆေးကြည့်လိုက်တော့သည်။

" ဟမ်"

ရှန်ယွဲ့၏ အေးတိအေးစက်အကြည့်အောက်တွင် ဆွန်းလင်၏အရောင်အဝါ်မှာ သိသိသာသာ အားပျော့သွားတော့သည်။ သူသည် ဗျစ်တောက်ဗျစ်တောက်ရွတ်ရင်းသာ ပြောနိုင်လေတော့သည်။

" နင်က နေ့တိုင်းအိမ်မှာ စားလိုက်သောက်လိုက်နဲ့၊ ငါ့အိမ်မှာတောင် နေလိုက်သေးတယ်၊ အရင်တုန်းက ဘာမှမလုပ်တတ်လို့ဆိုထားပါတော့ ဒါပေမယ့် အခု နင် လုပ်တတ်ကိုင်တတ်နေပြီလေ၊ အိမ်ကို ဘယ်လိုထောက်ပံ့ရမယ်ဆိုတာ မသိဘူးလား..."

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now