အပိုင်း (၃၃) သူ့သဘောထားက ချက်ချင်းပြောင်းသွားတာနော်

879 90 0
                                    

မဟုတ်တာ။ ဒီလိုလုံးဝမဖြစ်နိုင်ဘူး။ အမျိုးသားအရောင်းဝန်ထမ်းသည် သည်ကိစ္စအားလုံးကို ရှင်းပြရန် အကြောင်းအရင်းတစ်ခုကို ကြိုးစားရှာဖွေနေတော့သည်။

ဒီမောင်နှမက လမ်းဘေးအဝတ်အစားတွေ ဝတ်ထားတာလေ။ ဒီလို စုတ်တီးစုတ်ပြတ် ဝတ်ထားတဲ့သူက ဘယ်လိုလုပ်ပြီး သန်းချီသုံးနိုင်မှာလဲ။

" နင်တို့ကအဲလောက်ဆင်းရဲတာ၊ တစ်ယောက်ယောက်ရဲ့ ကတ်ကို ခိုးလာတာမလား၊ သတိထား၊ မဟုတ်လို့ကတော့ ငါရဲခေါ်တော့မှာနော်...."

အမျိုးသားအရောင်းဝန်ထမ်းသည် ခက်ခက်ခဲခဲ ထုတ်ပြောလိုက်လေသည်။ သူ့အရင်က လေသံနှင့်ယှဥ်လျှင် သူ့ကိုယ်ရောင်ကိုယ်ဝါများ များစွာမှေးမှိန်သွားတော့သည်။

" ဘယ်သူက ဆင်းရဲတာလဲ၊ မင်း မြင်လို့လား၊ ငါအခုလေး နောက်ဆုံးပေါ်ဖုန်းဝယ်ခဲ့တာနော်၊ ယွမ် ၁၆,၀၀၀တောင်ပေးရတယ်၊ မင်းမှာရှိလို့လား"

ရှန်ချန်သည် မနေနိုင်တော့ဘဲ ရှန်ယွဲ့ဝယ်ပေးထားသည့် ဖုန်းအသစ်ကို မြောက်ပြကာ အမျိုးသားအရောင်းဝန်ထမ်းရှေ့တွင် တမင် လက်ခါပြလိုက်လေသည်။

တကယ် စျေးအကြီးဆုံး ဖုန်းအသစ်ပဲဟ။ အမျိုးသားအရောင်းဝန်ထမ်းသည် ဖုန်းကို မှတ်မိနေ၏။

အစက နှစ်လစာလောက်စုပြီး ဒီဖုန်းကို ဝယ်ဖို့ သူစဥ်းစားထားတာလေ။ မဟုတ်မှလွဲရော... ဒီသာမန်ရုပ်ရည်နဲ့ ဖက်တီးမက တကယ်ပဲ VVIPမန်ဘာ တစ်ယောက်များလား။

ရှန်ယွဲ့ဖုန်းချလိုက်သည်နှင့် ချက်ချင်းလိုပင် အမျိုးသားဝန်ထမ်း၏ဖုန်းက မြည်လာတော့သည်။ သူသည် မျက်နှာကိုရှုံ့မဲ့ကာ ဖုန်းကိုင်လိုက်လေသည်။ သူ့လေသံမှာ အရင်ကလို ထောင်လွှားမနေတော့ချေ။ ထို့အစား သူသည် လေသံနိမ့်ကာ ပြောလိုက်လေသည်။

"မန်နေဂျာ... ဟုတ်ကဲ့၊ ကျွန်တော်ဆိုင်မှာပါ၊ အဲ-အဲဒီ VVIP စျေးဝယ်သူလည်း ရှိပါတယ်၊ ခင်များ ၊ ကျ-ကျွန်တော် စကားမှားသွားမှန်း မသိလိုက်လို့ပါ...."

ဖုန်း၏တစ်ဖက်က အသံမှာ ပေါက်ကွဲနေလေသည်။

" မင်း လုပ်လာတာ တစ်လပဲရှိသေးတယ်၊ ငါတို့ရဲ့ VVIPမန်ဘာကို အပြစ်လုပ်ပြီးနေပြီ၊ သူ ငါတို့တံဆိပ်အတွက် ဘယ်လောက်သုံးခဲ့လဲ မင်းသိလား၊ ၅.၇သန်းကွ၊ မင်း တစ်သက်လုံးလုပ်ရင်တောင် ဒီလောက်ပြန်ရှာနိုင်မှာ မဟုတ်ဘူး၊ မင်း ဒီနေ့ သူခွင့်လွှတ်အောင် မလုပ်နိုင်ဘူးဆိုရင် အလုပ်ထွက်လိုက်တော့၊ နောက်ရက် အလုပ်လာစရာမလိုတော့ဘူး"

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now