အပိုင်း (၁၅၂+၁၅၃)

372 32 0
                                    


အပိုင်း (၁၅၂)

ထိုသို့စဥ်းစားလိုက်ပြီးနောက် ရှန်ယွဲ့သည် နှုတ်ခမ်းမဲ့လိုက်ပြီး ကျိုးရွှမ်းကို ပိုမတောင်းလိုက်မိသည့်အတွက် နောင်တရသွားတော့သည်။ ရှန်ယွဲ့၏စိတ်ထဲတွင် ရုတ်တရက်စိတ်ကူးတစ်ခု ပေါ်ပေါက်လာလေသည်။ သူမက အဓိပ္ပါယ်ပါပါ ညစ်ကျယ်ကျယ် ပြုံးလိုက်ပြီးနောက် ခြေလှမ်းကျဲများနှင့် အိမ်ပြန်လာခဲ့တော့သည်။ သူမ၏အခန်းထဲသို့ အလောတကြီး ပြေးဝင်သွားလိုက်ပြီး အချိန်တော်တော်ကြာအောင်ပစ်ထားခဲ့သည့် ဆက်သွယ်ရေးကိရိယာကို ဖွင့်လိုက်လေသည်။ ယဲ့ရင်းထံမှ စကားကို မဖတ်သေးဘဲ လိုရင်းကို အရင်ပြောလိုက်တော့သည်။

[ယဲ့ရင်း ကျိုးရွှမ်းအကြောင်း တတ်နိုင်သလောက် မြန်မြန်ကူစုံစမ်းပေးအုံး၊ ပိုအသေးစိတ်ကျလေ ပိုကောင်းလေပဲ]

ရှန်ယွဲ့က ကွန်ပျူတာရှေ့တွင်ထိုင်ရင်း သည်သိက္ခာမဲ့လှသည့် ယဲ့ရင်းက တစ်နေကုန် မည်သို့များ အမျိုးသမီးများနှင့် တွဲခုတ်နေနိုင်သည့်အကြောင်းကိုအရင်းကို စဥ်းစားနေမိလေသည်။ ဘယ်အချိန်မှ သူက သူမကို စာပြန်မည်ကိုတော့ မသိပါချေ။

မျှော်လင့်မထားဘဲ နောက်တစ်စက္ကန့်တွင် ကွန်ပျူတာစခရင်က လင်းလာလေသည်။

!!

[ပြဿနာမရှိဘူး။ ငါ စုံစမ်းပြီးတာနဲ့ ချက်ချင်းပို့ပေးလိုက်မယ်။ ပြီးတော့ ငါ စာပြန်တာ အရမ်းမြန်တယ်ဆိုပြီး အံ့ဩမနေနဲ့၊ ဘာလို့လဲဆိုတော့ ငါက နင့်သတင်းကို နေ့တိုင်းမျှော်နေရတာလေ]

ရှန်ယွဲ့မှာ ထိုစကားကို ဖတ်ပြီးနောက် မပြုံးဘဲ မနေနိုင်အောင် ဖြစ်သွားတော့သည်။ သူမ၏အတွေးများက အတိတ်ဆီသို့ ပြန်ရောက်သွားတော့သည်။ ယဲ့ရင်းသာမရှိလျှင် သည်လိုအချိန်မျိုးတွင် သူမသည် ဘယ်သူ့ကိုသွားရှာမည်မှန်း တကယ်ပင် မသိတော့ပေ။

ချက်ချင်းဆိုသလို သူမက စာပြန်လိုက်လေသည်။

[နောက်တစ်ခုရှိသေးတယ်၊ ငါ့ ကတ်နံပါတ်နင့်ကို ပို့လိုက်မယ်၊ ငါ့ကို အရင်ဆုံး အရေးပေါ်ငွေထည့်ပေးအုံး၊ လာမယ့်ရက်ပိုင်းအတွင်းမှာ စျေးကြီးပေးရမယ့် ပြိုင်ပွဲတွေရှိလား]

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now