အပိုင်း (၁၁၄) ပုံမှန်ထမင်းတစ်နပ်စားခြင်း
အဘိုးကြီးမိသားစု၏ ဖျောင်းဖျမှုအောက်တွင် ရှန်ယွဲ့သည် အမှန်ပင်မငြင်းလိုက်နိုင်တော့ပေ။ သို့နှင့် အဘိုးကြီးအိမ်သို့ ဧည့်သည်အဖြစ် လိုက်သွားရတော့သည်။
အဘိုးကြီး၏နာမည်မှာ ကျန်းဟွမ်။ မြို့တော် တက္ကသိုလ်၏ ကျောင်းအုပ်တစ်ယောက် ဖြစ်ပြီး စေတနာ့ဝန်ထမ်း ဆရာတစ်ယောက်လည်း ဖြစ်သည်။ သူသည် အသက် ၇၀ကျော်ပြီဖြစ်ပြီး သိပ္ပံသုတေသနအသင်းဝင် တစ်ယောက်ဖြစ်သည်။ သူသည် ကျောင်းသို့ ရောက်လာသည်မှာ ဆယ်စုနှစ်များစွာ ကြာပြီဖြစ်ပြီး အထက်တန်းစား လူတစ်ယောက် ဖြစ်လေသည်။ သူ့ကို ကျောင်းသား ကျောင်းသူများကို အလွန်ချစ်ခင်သဘောကျ ကြလေသည်။
ကျန်းဟွမ်၏ အရှိန်အဝါကြောင့် ကလေးများသည် အလွန်အလားအလာရှိကြပြီး နယ်ပယ်အသီးသီးတွင် ဦးဆောင်သူများ ဖြစ်လာကြသည်။ ထို့ကြောင့် ကျန်းမိသားစုသည်လည်း ဗဟိုမြို့တော်တွင် အရေးပါသည့် မိသားစုတစ်ခု ဖြစ်လာခဲ့သည်။ မိသားစုတစ်ခုလုံးသည် အင်မတန်ကောင်းမွန်သည့် မြေယာတစ်ခုရှိ ကြီးမားသည့်အိမ်ကြီးတစ်လုံးတွင် နေထိုင်ကြသည်။
ရှန်ယွဲ့ကို အရင်ဆုံး ကျေးဇူးတင်စကားလာပြောသည့် ကောင်လေးမှာ ကျန်းဟွမ်၏မြေး ကျန်းလော့ဖြစ်သည်။ သူသည် မြို့တော်တက္ကသိုလ်က ဘွဲ့ရကျောင်းသားတစ်ယောက် ဖြစ်သည်။
ရှန်ယွဲ့သည် သခင်ကြီးကျန်းနောက်က လိုက်ဝင်လာပြီးနောက်တွင် သခင်ကြီးကျန်း၏ ဒုတိယသား ကျန်းကျစ် နှင့် တတိယသားကျန်းဟွာတို့သည် ချက်ချင်းထွက်လာပြီး ရှန်ယွဲ့ကို နွေးနွေးထွေးထွေးနှုတ်ဆက်ကြလေသည်။
" မိန်းကလေးရှန်ယွဲ့ ဒီတစ်ခါတော့ မိန်းကလေးကို အရမ်းကျေးဇူးတင်ပါတယ်ဗျာ၊ မစိုးရိမ်ပါနဲ့နော်၊ ကျွန်တော်တို့ ကျန်းမိသားစုက မိန်းကလေးကို သေချာပေါက် ကျေးဇူးဆက်ပါ့မယ်" ကျန်းကျစ်က ရင်ဘတ်ကို ပုတ်ကာ ကတိပေးလေသည်။
သခင်ကြီးကျန်းက ထိုစကားကို ကြားလိုက်တော့ သူကပြုံးကာ ခေါင်းညိတ်လိုက်ပြီး
YOU ARE READING
အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်
Romanceလုပ်ကြံသူအဖွဲ့တစ်ခုရဲ့ ပျိုးထောင်ခံလာရပြီး ၁၃နှစ်တာလေ့ကျင့်လာပြီးနောက်ပိုင်း ရှန်ယွဲ့ဟာ အသက် ၁၇နှစ်အရွယ်မှာတော့ အကောင်းဆုံးလုပ်ကြံရေးသမား ဂုဏ်ပုဒ်ကိုရခဲ့ပြီးတော့ လုပ်ကြံရေးသမားတွေကြားမှာ ပြိုင်ဘက်ကင်း legendတစ်ယောက်ဖြစ်လာခဲ့တယ်။ legendတစ်ယောက်ဖြစ်လာ...