အပိုင်း (၁၂၆+၁၂၇)

390 25 0
                                    


အပိုင်း (၁၂၆) ရှန်ယွဲ့၏အပြောင်းအလဲ

ရှန်ယွဲ့သည် ဝိတ်ကျသွားသောကြောင့်ဖြစ်မည်။ သူမ၏မျက်နှာပေါ်က အသားများသည် အရင်လို ပျော့တွဲမနေတော့ချေ။ ထို့အစား တက်ကြွဟန်ပေါ်လာသည်။

ရှန်ချန်လည်း အနည်းငယ်ထူးဆန်းနေ၏။ ဖြတ်သွားသည့် မိန်းကလေးများက ရှန်ချန်ကို ပြန်လှည့်မကြည့်ဘဲ မနေနိုင်ဖြစ်သွားလေသည်။ သူသည်လည်း ပြောင်းလဲသွားဟန်တူသည်။

ယွီဟောက်သည်လည်း သူတို့နှစ်ဦး၏ အပြောင်းလဲကို သတိထားမိခဲ့ပြီး အထူးသဖြင့် ရှန်ယွဲ့ကိုပင်။ သူသည် ဤယုံကြည်မှုအပြည့်နှင့် မိန်းကလေးကို ကြည့်လိုက်ပြီး သူမကို အရင်ကလို ဝခြင်း၊ သိမ်ငယ်ခြင်း နှင့် အားနည်းသည့်လူတစ်ယောက်လို တွဲမြင်လို့မရတော့ချေ။ သူမမှာ တကယ်ပဲဘာတွေ ဖြစ်ခဲ့တာလဲ။ ယွီဟောက်သည် ရှန်ယွဲ့ကို အမှတ်တမဲ့ အာရုံစိုက်မိသွားပြိး သူကိုယ်တိုင် သတိမထားမိလိုက်ခင်မှာပင် သူမဆီသို့လျှောက်သွားလိုက်လေသည်။

" နင့် ငါ့လမ်းကို ပိတ်နေပြီ"

ရှန်ယွဲ့သည် ယွီဟောက်ကို မြင်ဟန်မတူပေ။ သူမသည် သူ့ကို နောက်တစ်ချက်ပင် ထပ်မကြည့်ဘဲ အေးစက်စက်သာ ပြောလိုက်တော့သည်။

...

အလွန်အေးတိအေးစက် ဆက်ဆံခံလိုက်ရသဖြင့် ယွီဟောက်မှာ အနည်းငယ် ရှက်သွားတော့သည်။ သူ့မျက်နှာမှာ နီရဲသွားပြီး သူ့လည်ပင်ကို ဆန့်ထားလိုက်၏။

" နင့်လမ်းဆိုတာ ဘာကိုပြောချင်တာလဲ၊ နင်က အရမ်းမောက်မာတာပဲ၊ ကျောင်းက အားလုံးနဲ့ဆိုင်တယ်၊ နင့်မှာ အဆက်အသွယ် ရှိတယ်ဆိုပြီး နင်လုပ်ချင်တာ လုပ်လို့ရမယ်လို့ ထင်မနေနဲ့"

ယွီဟောက်၏ စကားလုံးများက ရပ်ကြည့်နေသူများကို လက်ခုပ်လက်ဝါးတီးကာ အားပေးလာစေတော့သည်။ ဆူဆူညံညံဖြစ်နေသည်ကို ကြည့်နေကြသူများ၊ မနာလိုဖြစ်နေကြသူများနှင့် ဘာမှမပြောရဲကြသူများ အားလုံးသည် ယွီဟောက်က ရှန်ယွဲ့အား ပြဿနာသွားရှာသည်ကို မြင်လိုက်ရသောအခါ သူတို့၏စိတ်ထဲတွင် နှစ်ထောင်းအားရဖြစ်သွားကြလေသည်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now